ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ဒီကနေ့ရုံးချိန်းမှာ ရှေ့နေအချို့ဝင်ခွင့်ကန့်သတ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၁
KT(VOM)
 
ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ မနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
 
ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက
” ရှောင်တာနယ်နဲ့ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပေါ့နော်။ပထမဆုံး ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး မြို့နယ်မှူးက တာဝန်ပြောင်းသွားတယ်လို့ပြောပါတယ်။ စခန်းမှူးဦးသိန်းဌေးက မြို့နယ်စခန်းမှူးကနေ မနေ့ကတည်းကပြောထားလို့ပေါ့၊ကျွန်တော်တို့ဒီနေ့ညှိနှိုင်းမယ့်ရှေ့နေစာရင်းယူတယ်ပေါ့ဗျာ။ စာရင်းယူပြီး ၈နာရီမှာ သူ့ဆီသွားတယ်ပေါ့။ သွားတဲ့အခါကျတော့ ပထမဆုံးရုံးချိန်းဖြစ်တဲ့အတွက်ကြောင့် လူကလည်းများတယ်ပေါ့၊အဲ့တော့ အားလုံးရှေ့နေတွေက (၁၀)ယောက်ကျော်တာပေါ့ဗျာ။အဲ့တော့ကားမောင်းတဲ့သူတွေနဲ့ပါဆိုရင် ၁၅ယောက်လောက်ရှိတယ်ဗျ။ အဲ့ဒါကို သူတို့ပြောတာက အခက်အခဲရှိတယ်ပေါ့၊အရေးပါတဲ့သူတွေပဲ ဟိုဟာလုပ်ပေးပါပေါ့၊ဒီကနေ့ကတော့ စစ်မှာလည်းမဟုတ်ဘူးပေါ့လို့ ပြောတဲ့အခါကျတော့ ကျနော်တို့က ပါဝါတင်ထားတဲ့သူတွေဖြစ်တယ်၊ ပါဝါတင်ထားတဲ့ရှေ့နေတွေကလည်း အကုန်သွားဖို့၊အမှုသည်ကလည်း တာဝန်ပေးထားပြီဆိုတော့ အမှုသည်နဲ့တွေ့ဖို့၊သူ့အတွက်ဆောင်ရွက်ဖို့ အကုန်လုံးအတွက်လိုတယ်ပေါ့ဗျာ၊ကျွန်တော်တို့ဆွေးနွေးကြပါတယ်၊ ဒါပေမယ့် သူကလည်း အထက်ကိုလှမ်းလှမ်းပြောနေပြီးတော့ အခါကျတော့ အထက်ကလည်းဟိုဟာဖြစ်စေချင်တော့ကျွန်တော့်တို့ဘက်က လျှော့ပေးလိုက်ပါတယ်။ အထူးသဖြင့်တော့ ရှောင်တာနယ်အတွက် ဦးရဲလင်းအောင်နဲ့နောက်တစ်ယောက်လာတာပါ၊ အဲ့ဒီတော့ ဦးရဲလင်းအောင်တစ်ယောက်ပဲသွားရမယ်လို့ လုပ်ပါတယ်”လို့ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က
” နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျွန်တော်ရယ်၊ဦးကြည်ဝင်းရယ်၊ဒေါ်စန်းမာလာညွန့်ရယ်အပြင် ရန်ကုန်ကရှေ့နေ(၂)ယောက်ပါပါတယ်။နဂိုကတည်းက ရန်ကုန်ကတည်းက ပါဝါတင်ထားခဲ့တာပေါ့။အဲ့တော့ ကျွန်တော်တို့(၅)ယောက်ရှိတဲ့အထဲက ကျွန်တော်နဲ့ဦးကြည်ဝင်းက ဒီနေ့ ရုံးချိန်းအဆင်ပြေအောင်မလိုက်ဘူး၊ သုံးယောက်စလုံးလည်းခေါ်တော့ခေါ်သွားတယ်ဗျ။နာမည်စာရင်းလည်းယူပါတယ်။
ဥိးကျော်ဝင်းအတွက်က ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ရာ (၅)ယောက်စလုံး ရုံးရှေ့ရောက်မှဖြစ်နေတယ်ပေါ့၊တရားသူကြီးက မေးတာမြန်းတာဖြစ်နိုင်လို့ (၅)ယောက်စလုံးလိုက်ဖို့ သူတို့ကတောင်းဆိုတာပေါ့။ နောက် ဦးစိုးဝင်းအတွက် ဦးသန်းလွင်နဲ့သူ့ဇနီးပေါ့၊အဲ့ဒီမှာတော့ ဦးသန်းလွင်နဲ့သူ့သား သွားကြပါတယ်။သူ့ဇနီးကနေခဲ့ပါတယ်။ဟိုရောက်တဲ့အခါ ကျွန်တော်တို့အမှုတွေလိုတွေ့ရတာဘာညာမလုပ်ရဘူး၊ရှောင်တာနယ်နဲ့လည်းမတွေ့ရဘူးပေါ့ဗျာ၊ တရားခွင်ထဲကိုဝင်တော့လည်း တစ်ယောက်အတွက် တစ်ယောက်ပဲဝင်ရတယ်လို့ပြောပါတယ်၊ ရှောင်တာနယ်အတွက်က ရှေ့နေတစ်ယောက်၊ဒေါ်အောင်ဆန်းစုကြည်အတွက်ကတစ်ယောက်စသဖြင့်ပေါ့ဗျာ”လို့ ပြောပါတယ်။
 
ဒါ့အပြင် ” ဦးကျော်ဝင်းအတွက် ရှေ့နေ(၅)ယောက်ပါဝါတင်မယ့်ကိစ္စကလည်း တစ်ယောက်ပဲဝင်ပြီး တင်ရတယ်လို့ပြောပါတယ်။ အဲ့ဒီလိုအဖြစ်အပျက်တွေ တရားလွှတ်တော်တရားသူကြီးကိုတင်ပြတဲ့အခါ အားလုံးဝိုင်းပြီးတင်ပြတော့ အမှုသည်က တစ်ယောက်ထပ်ပိုပြီးတာဝန်ပေးထားတာ။အကုန်လုံးတရားခွင်ဝင်မှဖြစ်မှာဆိုတော့ တရားသူကြီးက အဲ့ဒီကိစ္စကို ရဲတွေကိုပြောပါတယ်။နောက်အချိန်းမှာ နေရာစီစဥ်ပေးဖို့ပြောပါတယ်။ အရင်ရုံးချိန်းတုန်းကပြောထားတာရှိတယ်။လျှောက်လဲချက်အမှုသည်နဲ့ ရှေ့နေနဲ့တွေ့ဖို့
အတွက် လျှောက်ထားတာ လျှောက်လဲချက်တင်ဖို့​ပြောတယ်။စာနဲ့ရေးထားတာလည်းတင်ပါတယ်။ နှုတ်နဲ့လည်းပြောပါတယ်။ အဲ့ဒီဟာကိုတော့ တရားသူကြီးက နှုတ်နဲ့ပြောတဲ့ရှေ့နေတွေကို စာရေးတင်ဖို့ ရှေ့အချိန်းမှာတင်ဖို့ပြောပါတယ်။ တရားရုံးကို ဒေါ်စုလည်းလာတယ်။အကုန်လုံးလာတယ်။ဒါပေမယ့်အရင်လိုမတွေ့ရဘူး၊ရုံးရှေ့မှာပဲတွေ့ရတယ်။”လို့ပြောပါတယ်။
 
ဒီကနေ့ရုံးချိန်းမှာတော့ ရှေ့နေ့တွေ ဝင်ခွင့်ကန့်သတ်ခံခဲ့ရပြီး နောက်ရုံးချိန်ကို လာမယ့်ကြာသပတေးနေ့ ပြန်ချိန်းထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရှောင်တာနာ

Related posts

Leave a Comment

VOM News

FREE
VIEW