ကော့သောင်း ပါချန်ဆိပ်ကမ်းမှာ ငါးဖမ်းစက်လှေ ၁ စီး မီးလောင်ပြီး လူ ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ

သြဂုတ် ၊ ၈ ၊ ၂၀၂၂
SP (VOM)

တနင်္သာရီတိုင်း ၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ငါးဖမ်းစက်လှေတွေထဲက စက်လှေ ၁ စီးဟာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက မီးလောင်ခဲ့ပြီး စက်လှေပေါ်မှာရှိတဲ့ လှေလုပ်သား တချို့ သေဆုံး ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာကနေ သိရပါတယ်။

” မီးစလောင်တာက နေ့လယ်၂ နာရီဝန်းကျင်မှာဖြစ်တယ် ၊ မီးလောင်ကြာမြင့်ချိန် ၁ နာရီလောက်ဖြစ်တယ် ၊ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ လှေလုပ်သား အမျိုးသား ၁ ဦးသေဆုံးတယ် ၊ ၃ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး ၁ ယောက်က ပျောက်ဆုံးနေတယ် ” လို့ သန္ဓေမီးသတ်တပ်ဖွဲ့၀င်တယောက်က ပြောပါတယ်။

ကော့သောင်း ကြက်ခြေနီအသင်း တာဝန်ရှိသူ တယောက်က ” ဒဏ်ရာရ အမျိုးသား ၃ ယောက်ကို ကော့သောင်း ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးပြီး အရေးပေါ် လူနာဌာနမှာ ဆေးကုနေတယ် ၊ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူး ၊ သာမန်ဒဏ်ရာတွေပါ ” လို့ ပြောပါတယ်။

ကော့သောင်းမြို့နယ် မီးသတ်စခန်းမှူးကတော့ အဲ့ဒီ မီး ဘာယ်လိုကြောင့် စတင်လောင်းကျွမ်းရတယ်ဆိုတာ နဲ့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်း ကာလတန်ဖိုးကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းတွက်ချက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မီးလောင်ရာမှာ ပျောက်ဆုံးနေတဲ့ လှေလုပ်သား ၁ ယောက်ကို ဆက်လက်ပြီး ရှာဖွေကယ်ဆယ်တဲ့အခါ ဒီညနေ ၅နာရီခွဲက အသက်ရှင်လျက်နဲ့ ပြန်လည်ရှာဖွေ ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ မီးသတ်ဦးစီဌာနကနေ သိရပါတယ်။

Photo-ကော့သောင်း မီးသတ်ရုံး
#voiceofmyanmar #VOM #ကော့သောင်း #စက်လှေမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW