တရုတ်နိုင်ငံရဲ့ကိုဗစ်-၁၉ ကူးစက်မှုအချက်အလက်တွေ အချိန်နဲ့တပြေးညီပေးဖို့ WHO တိုက်တွန်း

ဂျီနီဗာ၊ ဒီဇင်ဘာ-၃၁-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေချိန်မှာ တာ၀န်ရှိသူတွအနေနဲ့ ရောဂါကူးစက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၃၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းက ဖြေလျှော့လိုက်ပြီးနောက် ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် နိုင်ငံအများအပြားဟာ တရုတခရီးသွားတွေအပေါ် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသရခြင်း၊ အထူးကြပ်မတ်ကုသမှုဌာနတွေမှာ ကုသနေသူအရေအတွက်နဲ့ ကာကွယ်ဆေးထိုးနံခြင်းဆိုင်ရာ အချက်အလက်တွေကို ပိုမိုရရှိလိုကြောင်း ကမ္ဘာ့ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ အမေရိကန်၊ စပိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်နဲ့ ထိုင်၀မ်တို့ဟာ တရုတ်ခရီးသွားတွေကြောင့် ကိုဗစ်ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေတာကြောင့် ကိုဗစ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး မူဝါဒကို တစိုက်မတ်မတ်ကျင့်သုံးခဲ့တဲ့…

Read More

ဒဂုံမြို့သစ် (အရှေ့ပိုင်း) ထားဝယ်ချောင်အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိ

ဒီဇင်ဘာ ၃၁ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁) ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်း၊ ထားဝယ်ချောင် အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေကို ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တွေ့ရှိခဲ့တဲ့ လက်နက်ခဲယမ်းပစ္စည်းတွေမှာ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆန် ၄ တောင့်၊ ဒီတိုနေတာ ၉၆ ချောင်း၊ ဆားကစ်ပြား ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ Remote ၈ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။ “စည်ပင်သန့်ရှင်းရေး ဝန်ထမ်းတဦး အမှိုက်ပုံ ရှင်းလင်းနေတုန်း တွေ့တာပါ။ ဒီမနက် ၇ နာရီခွဲလောက်ကပါ။ ဘယ်သူတွေ ပစ်သွားမှန်း‌တော့ မသိသေးပါဘူး။…

Read More

ရော်နယ်ဒိုကို ဆော်ဒီကလပ် အယ်လ်နာဆာရ်အသင်းက ၂၀၂၅ ထိစာချုပ်နဲ့ ခေါ်ယူ

ရီယတ်၊ ဒီဇင်ဘာ-၃၁-၂၀၂၂ မျိုးဆက်(VOM) ပေါ်တူဂီ ဘောလုံးစတား ခရစ်စတီယာနို ရော်နယ်ဒိုကို ဆော်ဒီအာရေဗျဘောလုံးအသင်း အယ်လ်နာဆာရ်က ၂၀၂၅ ခုနှစ်ထိ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်သူ ရော်နယ်ဒိုဟာ ကလပ်အသင်းကို ဝေဖန်ခဲ့တဲ့ အငြင်းပွားဖွယ်အင်တာဗျုးအပြီးမှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အယ်လ်နာဆာရ်အသင်းက စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တနှစ်ကို ပေါင် ၁၇၇ သန်းနဲ့ ဘောလုံးသမိုင်းတလျှောက် လစာအများဆုံး ကစားသမားဖြစ်လာပါတယ်။ ပြည်ပလိဒ်အသစ်တခုမှာ ကြုံလာမယ့်စိန်ခေါ်မှုတွေကို တွေ့ကြုံလိုစိတ်ပြင်းပြနေတယ်လို့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက ပြောပါတယ်။ ဥရောပဘောလုံးလောကမှ အောင်ပွဲမျိုးစုံရရှိပြီးတဲ့နောက် မိမိရဲ့အတွေ့အကြုံတွေကို အာရှမှာမျှဝေဖို့ သင့်တော်ကောင်းမွန်တဲ့ အချိန်အခိုက်အတန့်ဖြစ်ကြောင်း သူကပြောပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူစာချုပ်နိုင်ခဲ့တာဟာ ကလပ်ရဲ့သမိုင်း၀င်အပြောင်းအရွှေ့ဖြစ်ပြီး ဆော်ဒီပရိုလိဒ်၊ နိုင်ငံနဲ့မျိုးဆက်သစ်တွေအတွက် ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးလှုံ့ဆော်ပေးနိုင်မှာဖြစ်တယ်လို့ ဆော်ဒီပရိုလိဒ်မှာ ဖလားကိုးကြိမ်ရရှိထားသော အယ်လ်နာဆာရ်ဘောလုံးအသင်းက ပြောပါတယ်။ Ref:BBC Photo: Al…

Read More

နှစ်သစ်ကူးမယ့်နေ့မှာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည်သုံးစင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဒီဇင်ဘာ-၃၁-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးစင်းကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်သို့ ဒီဇင်ဘာ ၃၁ ရက်မှာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားလေပိုင်နက်အတွင်းကို မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုဖြစ်ပွားပြီးနောက် ငါးရက်အကြာမှာ အခုလို ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေကို စံချိန်တင်ပြုလုပ်ခဲ့ပါတယ်။ ယခုပစ်ခတ်မှုဟာ အမေရိကန် သို့မဟုတ် မဟာမိတ်တွေအပေါ် ချက်ချင်းခြိမ်းခြောက်မှုမဖြစ်စေကြောင်း အမေရိကန်က ပြောပါတယ်။ တာတိုပစ်ဒုံးကျည်သုံးစင်းကို မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းတောင်ဘက် မြောက်ဟွမ်ဟေးပြည်နယ်မှ ဒေသစံတော်ချိန် နံနက်ရှစ်နာရီမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ ဒုံးကျည်တွေဟာ အကွာအဝေး ၂၁၇ မိုင်ထိခရီးရောက်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကို ရန်စမှုဖြစ်ကြောင်း တောင်ကိုရီးယားက ရှုတ်ချပြောဆိုပါတယ်။ Ref:…

Read More

ဟင်္သာတမြို့က မူလတန်းပြကျောင်းဆရာ သေဒဏ် ချမှတ်ခံရ

ဒီဇင်ဘာ၊၃၁-၂၀၂၂ MM(VOM) သတင်းပေးလို့နာမည်ထွက်သူတဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖမ်းခံရတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က မူလတန်းပြကျောင်းဆရာ ကိုကောင်းခန့်ကျော်ဟာ မနေ့ ဒီဇင်ဘာ ၃၀ရက်က သေဒဏ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ကျောင်းဆရာကို ကောင်းခန့်ကျော်ကို ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလထဲက သပြေကုန်းရွာ၊ သတင်းပေးလို့နာမည်ထွက်တဲ့ ဦးဝင်းညွန့်အောင်(ခ) ဂျပ်ကြီးကို အသတ်ရတဲ့ဖြစ်စဉ်မှာ ပါဝင်တယ်ဆိုပြီး သက်ဆိုင်ရာက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဖမ်းခံရပြီးနောက် ဟင်္သာတခရိုင်တရားရုံးမှာ ပုဒ်မ ၃၀၂ (၁) ခ ၊ ၅၀ (စ) ပုဒ်မတွေနဲ့ အမှုစွဲဆိုခံခဲ့ရပြီး ဟင်္သာတခရိုင်တရားရုံးက အခုလို အချိန်တနှစ်ကျော်အကြာ မနေ့ ဒီဇင်ဘာ ၃၀ ရက်က သေဒဏ်ချမှတ်ခံခဲ့ရတာလို့ တရားလွှတ်တော်ရှေ့နေ တယောက်ကပြောပါတယ်။ ”ကျောင်းဆရာက မြန်အောင်မြို့နယ်မှာ တာဝန်ကျခဲ့သူပါ ၊ စစ်တပ်နဲ့ နီးစပ်တဲ့သူ အသတ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်တယ်ဆိုပြီး…

Read More

စစ်ကိုင်းတိုင်းမှာ တနှစ်အတွင်း ရဲ၄၂ဦး အသတ်ခံရ

ဒီဇင်ဘာ ၃၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၂ ဇန်နဝါရီ ၁ ရက် ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရဲ ၄၂ ယောက် အသတ်ခံရတယ်လို့ စစ်ကိုင်းတိုင်း ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ သိရတာက ရေဦး နဲ့ ခင်ဦး ကြားမှာ ၁ လပိုင်းက စကက်ကား မိုင်းထိမှန်ပြီးနောက် ပစ်ခတ်ခံရလို့ ရေဦးက ရဲ ၅ ဦး ၊ တန့်ဆည်မြို့ဝင် စစ်ဆေးရေဂိတ်ကိုသွားတဲ့ ရဲတွေစီးလာတဲ့ အရပ်ကား အပစ်ခံရလို့ တန့်ဆည်ရဲ ၆ ဦး ၊ ဆားလင်းကြီး မြို့မရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ မုံရွာ ညောင်ဖြူပင်…

Read More

နှစ်မကုန်မီ ပြစ်ဒဏ်ချမှတ်ခံနေရတဲ့ မျိုးဆက်သစ် အနာဂတ်တချို့

ဒီဇင်ဘာ ၃၁ – ၂၀၂၂ SN (VOM) နိုင်ငံရေး တက်ကြွလှုပ်ရှားမှု ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသ နဲ့ တကသ ကျောင်းသားတွေအပါအဝင် တက္ကသိုလ်ကျောင်းသားအများအပြားကို သက်ဆိုင်ရာတရားရုံးတွေက တရားစွဲဆိုထားတဲ့ ပုဒ်မတွေအတွက် နှစ်မကုန်မီ အခုရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်ကျခံဖို့ အမိန့်တွေ ဆက်တိုက်ချမှတ်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်က ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ကျောင်းသားတွေအပါအဝင် နိုင်ငံရေးဖြစ်စဉ်တွေ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တက္ကသိုလ်ကျောင်းသား ၁၃ ဦးထက်မနည်း နှစ်ရှည်ထောင်ဒဏ်တွေ ချခံလိုက်ရတယ်လို့ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “တရားရုံးတွေအနေနဲ့ အပြီးသတ်အမိန့်တွေ ချမှတ်ရာမှာ လူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားအများစုကို အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ များသောအားဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ၊…

Read More

သတင်းထောက် ကိုသူရိန်ကျော် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၃၁ – ၂၀၂၂ SN (VOM) Media Top-4 သတင်းပေချ်ပိုင်ရှင် ကိုသူရိန်ကျော်ကို မရမ်းကုန်းခရိုင်တရားရုံး၊ တွဲဘက်ခရိုင်တရားသူကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ပုဒ်မရဲ့ ပြစ်ဒဏ်ဟာ အများဆုံး သေဒဏ်ဖြစ်ကာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်တယ်လို့ သိရပါတယ်။ ကိုသူရိန်ကျော်ဟာ ရန်ကုန်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က သတင်းယူနေရင်း အမည်မသိ တိုက်ခိုက်သူတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး နောက်တနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ မွန်းလွဲပိုင်းမှာ အင်းစိန်မြို့နယ် နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရပြီး ဧပြီ ၂၂ ရက်အထိ…

Read More

၇၇နှစ်ပြည့် ယဉ်တစ်ကိုယ်မယ်

ဆူးငှက် မန္တလေးဆိုတာ အနုပညာနဲ့ တည်ဆောက်ခဲ့တဲ့မြို့ပါ။ ဒါ့ကြောင့်လည်း မြန်မာမင်းနေပြည်တော် အဆက်ဆက် မန္တလေးရတနာပုံမ်နေပြည်တော်လောက် ထီး၊ ဘွဲ့နန်း၊ ဘွဲ့မြို့တွေမများခဲ့ဘူးလို့ ပညာရှင်တွေ သုံးသပ်ကြတာပါ။ သီချင်း၊ ဂီတနဲ့မြို့တော်ကို တည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ ထီးနန်း တည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ တိုင်းသူပြည်သားစိတ်ဓာတ် မြှင့်တင်တယ်။ သီချင်း၊ ဂီတနဲ့ ဘုရင်ထီးဘုရား အမြော်အမြင်ကို တည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ယိုင်နဲ့မှုတွေ တည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ကျိုးကြောင်း ဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာက လူရဲ့ပင်မဇာစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲ ထိရောက်စွာ သိမ်းသွင်းခဲ့တဲ့ သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။ ဒီလို သီချင်း၊ ဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေးမြို့ကြီးကို ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက်(၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ…

Read More

လက်ပံတောင်း မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် ဆားလ်ဖြူရစ်အက်ဆစ်စက်ရုံမှာ ကား ၂ စီး ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကံကုန်းကျေးရွာနားမှာရှိ မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် မိုးကြိုး ဆာလ်ဖြူရစ် အက်ဆစ်စက်ရုံမှာ မနေ့ ဒီဇင်ဘာ ၂၉ရက် ညက ဓားပြတိုက်ခံရပြီး စက်ရုံပိုင် ကား ၂ စီး ပါသွားတယ်လို့ မိုင်းလုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့ကည ၈ နာရီဝန်းကျင်မှာ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ လူ ၁၀ ယောက်လောက်က အက်ဆစ်စက်ရုံထဲကို ရောက်လာပြီး ညစောင့်ဝန်ထမ်းကို ခြိမ်းခြောက်ပြီး စက်ရုံပိုင် ကား ၂ စီး ဓားပြတိုက် ယူသွားတာဖြစ်တယ် ” လို့ မြန်မာ – ယမ်စီ ကြေးနီမိုင်းလုပ်သား…

Read More
VOM News

FREE
VIEW