နှစ်သစ်ကူးမယ့်နေ့မှာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည်သုံးစင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဒီဇင်ဘာ-၃၁-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးစင်းကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်သို့ ဒီဇင်ဘာ ၃၁ ရက်မှာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားလေပိုင်နက်အတွင်းကို မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုဖြစ်ပွားပြီးနောက် ငါးရက်အကြာမှာ အခုလို ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေကို စံချိန်တင်ပြုလုပ်ခဲ့ပါတယ်။ ယခုပစ်ခတ်မှုဟာ အမေရိကန် သို့မဟုတ် မဟာမိတ်တွေအပေါ် ချက်ချင်းခြိမ်းခြောက်မှုမဖြစ်စေကြောင်း အမေရိကန်က ပြောပါတယ်။

တာတိုပစ်ဒုံးကျည်သုံးစင်းကို မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းတောင်ဘက် မြောက်ဟွမ်ဟေးပြည်နယ်မှ ဒေသစံတော်ချိန် နံနက်ရှစ်နာရီမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

ဒုံးကျည်တွေဟာ အကွာအဝေး ၂၁၇ မိုင်ထိခရီးရောက်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကို ရန်စမှုဖြစ်ကြောင်း တောင်ကိုရီးယားက ရှုတ်ချပြောဆိုပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW