ဒဂုံမြို့သစ် (အရှေ့ပိုင်း) ထားဝယ်ချောင်အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိ

ဒီဇင်ဘာ ၃၁ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁) ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်း၊ ထားဝယ်ချောင် အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေကို ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တွေ့ရှိခဲ့တဲ့ လက်နက်ခဲယမ်းပစ္စည်းတွေမှာ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆန် ၄ တောင့်၊ ဒီတိုနေတာ ၉၆ ချောင်း၊ ဆားကစ်ပြား ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ Remote ၈ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။

“စည်ပင်သန့်ရှင်းရေး ဝန်ထမ်းတဦး အမှိုက်ပုံ ရှင်းလင်းနေတုန်း တွေ့တာပါ။ ဒီမနက် ၇ နာရီခွဲလောက်ကပါ။ ဘယ်သူတွေ ပစ်သွားမှန်း‌တော့ မသိသေးပါဘူး။ လွယ်အိတ်နှစ်လုံးနဲ့ လာစွန့်ပစ်သွားတာပါ”လို့ ဒဂုံ (အရှေ့ပိုင်း)မှာ နေထိုင်သူတဦးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေစုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW