တရုတ်နိုင်ငံရဲ့ကိုဗစ်-၁၉ ကူးစက်မှုအချက်အလက်တွေ အချိန်နဲ့တပြေးညီပေးဖို့ WHO တိုက်တွန်း

ဂျီနီဗာ၊ ဒီဇင်ဘာ-၃၁-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေချိန်မှာ တာ၀န်ရှိသူတွအနေနဲ့ ရောဂါကူးစက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၃၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းက ဖြေလျှော့လိုက်ပြီးနောက် ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် နိုင်ငံအများအပြားဟာ တရုတခရီးသွားတွေအပေါ် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသရခြင်း၊ အထူးကြပ်မတ်ကုသမှုဌာနတွေမှာ ကုသနေသူအရေအတွက်နဲ့ ကာကွယ်ဆေးထိုးနံခြင်းဆိုင်ရာ အချက်အလက်တွေကို ပိုမိုရရှိလိုကြောင်း ကမ္ဘာ့ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

အမေရိကန်၊ စပိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်နဲ့ ထိုင်၀မ်တို့ဟာ တရုတ်ခရီးသွားတွေကြောင့် ကိုဗစ်ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေတာကြောင့် ကိုဗစ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး မူဝါဒကို တစိုက်မတ်မတ်ကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါဆိုင်ရာကန့်သတ်ချက်တွေကို နို၀င်ဘာလအတွင်းမှာ ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် တရုတ်အစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW