လက်ပံတောင်း မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် ဆားလ်ဖြူရစ်အက်ဆစ်စက်ရုံမှာ ကား ၂ စီး ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကံကုန်းကျေးရွာနားမှာရှိ မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် မိုးကြိုး ဆာလ်ဖြူရစ် အက်ဆစ်စက်ရုံမှာ မနေ့ ဒီဇင်ဘာ ၂၉ရက် ညက ဓားပြတိုက်ခံရပြီး စက်ရုံပိုင် ကား ၂ စီး ပါသွားတယ်လို့ မိုင်းလုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့ကည ၈ နာရီဝန်းကျင်မှာ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ လူ ၁၀ ယောက်လောက်က အက်ဆစ်စက်ရုံထဲကို ရောက်လာပြီး ညစောင့်ဝန်ထမ်းကို ခြိမ်းခြောက်ပြီး စက်ရုံပိုင် ကား ၂ စီး ဓားပြတိုက် ယူသွားတာဖြစ်တယ် ” လို့ မြန်မာ – ယမ်စီ ကြေးနီမိုင်းလုပ်သား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင်း ကျောက်မျက် မြစ်ရေတင်စက်ရုံမှာ ဓားပြတိုက်ခံရပြီး စက်သုံးဆီပေပါတွေနဲ့ ဘက်ထရီအိုးကြီးတွေပါသွားခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းက မိုးကြိုး ဆာလ်ဖြူးရစ် အက်ဆစ်စက်ရုံဟာ ပထမအကြိမ် ဓားပြတိုက်ခံရပြီး ဆက်သွယ်ရေး စကားပြောစက်နဲ့ ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းတွေ ပါသွားခဲ့ပါတယ်။

” ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေဖြစ်တဲ့ ၊ သစ်တောရုံး ၊ စည်ပင်ရုံး ၊ ဆည်မြောင်း ၊ သမဝါယမ ဌာနပိုင်း ကားတွေ ဓားပြတိုက် လုယူခံရတဲ့အပြင် လူမှုကူညီရေး အသင်းပိုင် လူနာတင်ယာဥ် ၂ စီးလည်း ပြီးခဲ့တဲ့လပိုင်းက လုယူခံရတယ်.” လို့ ဆားလင်းကြီးမြို့ခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပေါင်း (၂၀ )ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲက လူမှာကူညီရေး ပရဟိတယာဥ် (၁၂ )စီး ၊ ဌာနဆိုင်ရာယာဥ် (၂၂ )စီး ၊ ဘုန်ကြီးကား (၄၁ )စီး ၊ အိမ်စီးကား (၂၆ )စီး ၊ ဆီဘောက်ဆာယာဥ် (၃ )စီး ၊ ဘိလပ်မြေသယ် နောက်တွဲယာဥ် (၁) စီး ၊ ဆောက်လုပ်ရေးသုံး သံချောင်းသယ်ယာဥ် (၁၂ )ဘီး (၂ )စီး ၊ Express ခရီးသည်တင်ကား (၁ )စီး တို့ကို အမည်မသိ လက်နက်ကိုင်ထားသူတွေက လုယူထားတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #မြန်မာယန်စီ #အက်ဆစ်စက်ရုံးကားလုခံရ

Related posts

Leave a Comment

VOM News

FREE
VIEW