လက်ပံတောင်း မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် ဆားလ်ဖြူရစ်အက်ဆစ်စက်ရုံမှာ ကား ၂ စီး ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကံကုန်းကျေးရွာနားမှာရှိ မြန်မာ – ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် မိုးကြိုး ဆာလ်ဖြူရစ် အက်ဆစ်စက်ရုံမှာ မနေ့ ဒီဇင်ဘာ ၂၉ရက် ညက ဓားပြတိုက်ခံရပြီး စက်ရုံပိုင် ကား ၂ စီး ပါသွားတယ်လို့ မိုင်းလုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့ကည ၈ နာရီဝန်းကျင်မှာ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ လူ ၁၀ ယောက်လောက်က အက်ဆစ်စက်ရုံထဲကို ရောက်လာပြီး ညစောင့်ဝန်ထမ်းကို ခြိမ်းခြောက်ပြီး စက်ရုံပိုင် ကား ၂ စီး ဓားပြတိုက် ယူသွားတာဖြစ်တယ် ” လို့ မြန်မာ – ယမ်စီ ကြေးနီမိုင်းလုပ်သား…

Read More

အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဥဇဘက်ကစ္စတန်မှာ ကလေးငယ် ၁၈ ဦး သေဆုံး

တာ့ရ်ှကင့်၊ ဒီဇင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) ဥဇဘက်ကစ္စတန်နိုင်ငံမှာ အိန္ဒိယဆေးကုမ္ပဏီ မာရီယန်ဘိုင်အိုတက်ခ်ျမှထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်သောက်ဆုံးမှုကြောင့် ကလေးငယ် ၁၈ ဦးထက်မနည်းသေဆုံးသွားကြောင်း ဥဇဘက်ကစ္စတန်ကျန်းမာရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီချောင်းဆိုးပျောက်ဆေးရည်မှာ ဘေးဥပါဒ်ဖြစ်စေတဲ့ အီသလင်းဂလိုင်ကောဓါတ် ပါ၀င်ကြောင်း ပဏာမစမ်းသပ်မှုမှာ တွေ့ရှိခဲ့တယ်လို့ ဥဇဘတ်ကစ္စတန်ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Dok-1 Max ချောင်းဆိုးပျောက်ဆေးရည်ကို ဆရာ၀န်ညွှန်ကြားချက်မပါဘဲ ကလေးငယ်တွေ သောက်ဆုံးခဲ့ပြီး သောက်သုံးတဲ့ ပမာဏဟာ ကလေးငယ်တွေ သောက်သုံးသင့်တဲ့ ပမာဏထက် ကျော်လွန်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ အခြားအိန္ဒိယဆေးကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ကလေးငယ်တွေ သေဆုံးမှုဖြစ်ပွားပြီးနောက် ဥဇဘတ်ကစ္စတန်နိုင်ငံမှာလည်း အလားတူဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယကျန်းမာရေးတာ၀န်ရှိသူတွေဟာ ဥဇဘက်ကစ္စတန်အမျိုးသားဆေးဝါး ကွပ်ကွဲရေးတာ၀န်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၇ ရက်ကတည်းက ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း အိန္ဒိယ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

နှင်းမုန်တိုင်းကြောင့် နာမည်ကျော် နိုင်ရာဂရာ ရေတံခွန် ရေခဲမှုဖြစ်ပွား

တိုရွန်တို၊ ဒီဇင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ ကနေဒါတို့မှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်မှုကြောင့် နာမည်ကျော် နိုင်ရာဂရာ ရေတံခွန်မှာ ရေခဲနဲ့ ဆီးနှင်းတွေဖုံးလွှမ်းပြီးနောက် ရေခဲမှုဖြစ်ပေါ်နေပါတယ်။ ခရစ္စမတ်ကာလအတွင်း အပူချိန်ကျဆင်းမှုကြောင့် ရေတံခွန်တွေရေခဲမှုဖြစ်ပွားနေပါတယ်။ နှင်းမုန်တိုင်းဒဏ်ကို မြောက်အမေရိကတ၀န်းမှာ အကြီးအကျယ် ရင်ဆိုင်နေရပြီး နယူးယောက်ပြည်နယ်တခုတည်းမှာ လူ ၃၉ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးမှုအများစုဟာ နိုင်ရာဂရာရေတံခွန်ရဲ့ တောင်ဘက်၌မှာရှိတဲ့ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့မှာဖြစ်ပြီး ကနေဒါနိုင်ငံမှာလည်း လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဘတ်ဖလိုမြို့မှာ ဆီးနှင်းဒုလေးပေကျော်ထိ ကျဆင်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ကာ အိမ်ထောင်စုတွေ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပါတယ်။ အေးခဲတဲ့ ရာသီဥတုကြောင့် အထူးသဖြင့် အမေရိကန်-ကနေဒါနယ်စပ်ရှိ ရေတံခွန်တွေမှာ ရေခဲမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း ဆိုးရွားသည့်ရာဒီဥတုကြောင့် အဆိုပါနယ်စပ်ရှိ ရေတံခွန်တွေ ရေခဲမှု ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC Photo:Anadolu #voiceofmyanmar #VOM #တိုရွန်တို

Read More

မုံရွာ – မန္တလေး ကားလမ်းမှာ ကား(၁)စီး ပစ်ခတ်ခံရလို့ (၂) ဦးသေ ၊ (၁) ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၁ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ပုရစ်ကုန်းတောင်ရွာနဲ့ တောပုကျေးရွာအကြား မုံရွာ – မန္တလေး ကားလမ်းနားမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက အိမ်စီးကား (၁) စီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာသူတွေ သေဆုံး၊ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က၊ အိမ်စီးကား ပစ်ခံရတာဖြစ်တယ် ၊ ကားပေါ်မှာ လိုက်ပါလာတဲ့ ဦးစိုးထိုက်အောင်နဲ့ ဦးမျိုးမင်းဇော် က နေရာမှာတင် ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးတယ် ၊ ဦးဘိုဘိုချစ်ဆိုသူက ပြင်းထန်ဒဏ်ရာရပြီး အသက်မသေးဘူး ၊ ပစ်တာက အမည်မသိ လက်နက်ကိုင်အဖွဲ့ ပစ်တာဖြစ်တယ်”လို့…

Read More

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာနဲ့ တနင်္သာရီဂျာနယ်ပင်တိုင်ဆောင်းပါးရှင်တို့ ထောင် ၅ နှစ်စီချခံရ

ဒီဇင်ဘာ၊၃၀-၂၀၂၂ MM(VOM) ထားဝယ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM ကျောင်းဆရာတယောက်နဲ့ တနင်္သာရီဂျာနယ်ရဲ့ပင်တိုင်ဆောင်းပါးရှင် ကိုအောင်လွင်ကို မနေ့ ဒီဇင်ဘာ ၂၉ ရက်က ထားဝယ်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”အခု ထောင်ဒဏ်ချမှတ်ခံရသူက CDM လုပ်ထားတဲ့ အခြေခံပညာအလယ်တန်းတာဝန်ခံ ကျောင်းအုပ်ဆရာ ကိုဝေရာစိုးနဲ့ တနင်္သာရီဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လုပ်ကိုင်တဲ့ ကိုအောင်လွင် (ကံပေါက်သား)ကိုပါ ၊ ထားဝယ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာ ၊ ကျောင်းဆရာ ကိုစိုးဝေက လောင်းလုံးမြို့နယ် ၊ပညစ်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဖြစ်တယ်။”လို့ တရားရုံးနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။ အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာနဲ့ ပင်တိုင်ဆောင်းပါးရှင်တို့ဟာ၂၀၂၁ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့အမှုဖွင့်တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ထောင် ၇ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၃၀-၂၀၂၂ KT(VOM) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဒီကနေ့ နေပြည်တော်မှာ ထောင် ၇ နှစ်စီး ထပ်မံချမှတ်ခံလိုက်ရတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု(၅)မှုမှာ (၄)မှုအတွက် (၁)မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ ၁၂ နှစ်ကို တစ်ပေါင်းတည်းကျခံစေဖို့ ချမှတ်လိုက်တာဖြစ်လို့ စုစုပေါင်း ၃ နှစ် တစ်ခါ၊ ရဟတ်ယာဥ် ဝယ်ယူမှု တစ်မှုအတွက် (၄)နှစ် သီးခြားစီကျခံစေလို့ ချမှတ်ထားတာကြောင့် စုစုပေါင်း အမှု(၅)မှုအတွက် ထောင် ၇ နှစ် ထပ်မံချမှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ အမိန့်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ…

Read More

ကမ္ဘာ့ဖလား သုံးကြိမ်ရဖူးတဲ့ ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

ဘရာဆီးလီးယား၊ ဒီဇင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ အသက် ၈၂ နှစ်ဟာ မနေ့ ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ပီလီဟာ ဘရာဇီးအတွက် နိုင်ငံတကာပွဲပေါင်း ၉၂ ပွဲမှာ ၇၇ ဂိုးအပါအ၀င် ကစားသမားဘ၀ ၂၁ တာကာလအတွင်းမှာ ပွဲပေါင်း ၁၃၆၃ ပွဲကစားခဲ့ပြီး ၁၂၈၁ ဂိုးသွင်းယူကာ ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၅၈ ၊ ၁၉၆၂ ၊ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုဖလားသုံးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ တဦးတည်းသော ကစားသမားဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဖီဖာရဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မကြာသေးမီနှစ်တွေအတွင်း သူဟာ ကျောက်ကပ်နဲ့ ဆီးကျိတ်ရောဂါ ခံစားနေခဲ့ရပြီး ၂၀၂၁ ခုနှစ်စက်တင်ဘာလမှာတော့ ဆော်ပေါ်လိုရှိဆေးရုံမှာ အူမကြီးအကျိတ်ကို ခွဲစိတ်မှုခံယူခဲ့ရပါသေးတယ်။ သူဟာ ထာ၀ရအကောင်းဆုံး…

Read More

‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၃၀-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာကတာဝန်ခံ ကိုစိုးရာဇာထွန်းဟာ မနေ့ ဒီဇင်ဘာ ၂၉ရက်က အင်းစိန်အကျဥ်းထောင်ကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ထောင်ဒဏ် သုံးနှစ်အမိန့်ချလိုက်တယ်လို့ ဂေဟာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ ထောင်ဒဏ်သုံးနှစ်ချလိုက်တာဖြစ်တယ်၊ အခြားအမှုတွေကျန်တယ်လို့ မကြားဘူး၊ သူကတော့ ကျန်းမာရေးကောင်းပါတယ် “လို့ ဂေဟာနဲ့နီးစပ်သူတဦးက VOMကို ပြောပါတယ်။ ကိုစိုးရာဇာထွန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းက စစ်တပ်၊ရဲတွေ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ဒဂုံအရှေ့မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ NAC HIVစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တောင်ဒဂုံမြို့နယ်မှာ အခြေပြုကာ ၂၀၀၈ခုနှစ်မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်းဆင်ဒူးဝါးလမ်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့…

Read More

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ၂ ခုနဲ့ အမှုဖွင့်ထား

ဒီဇင်ဘာ ၂၉၊ ၂၀၂၂ Shy V (VOM) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ၂ ခုနဲ့ အမှုဖွင့် ခံထားရကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ “ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်ဘက်က အရေးယူဖို့ ပြင်ဆင်နေကြတယ်။ မြစ်ကြီးနားမှာ ဟုတ်တယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇ (၁) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ တို့နဲ့ ဖမ်းဆီးခံရပြီး ၂၃ ရက်မြောက်နေ့ မနေ့ ၂၈ ဒီဇင်ဘာ ရက်က မြစ်ကြီးနားမြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူဖို့ လုပ်ကြတာ”လို့ KBC မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ KIA ဗဟိုဌာနချုပ်လိုင်ဇာသို့သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တက်ရောက်ဆွေးနွေးလို့…

Read More
VOM News

FREE
VIEW