‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၃၀-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာကတာဝန်ခံ ကိုစိုးရာဇာထွန်းဟာ မနေ့ ဒီဇင်ဘာ ၂၉ရက်က အင်းစိန်အကျဥ်းထောင်ကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ထောင်ဒဏ် သုံးနှစ်အမိန့်ချလိုက်တယ်လို့ ဂေဟာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

” အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ ထောင်ဒဏ်သုံးနှစ်ချလိုက်တာဖြစ်တယ်၊ အခြားအမှုတွေကျန်တယ်လို့ မကြားဘူး၊ သူကတော့ ကျန်းမာရေးကောင်းပါတယ် “လို့ ဂေဟာနဲ့နီးစပ်သူတဦးက
VOMကို ပြောပါတယ်။

ကိုစိုးရာဇာထွန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းက စစ်တပ်၊ရဲတွေ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ဒဂုံအရှေ့မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

NAC HIVစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တောင်ဒဂုံမြို့နယ်မှာ အခြေပြုကာ ၂၀၀၈ခုနှစ်မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်းဆင်ဒူးဝါးလမ်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူနာပေါင်း ၁၆၀ ကျော်ရှိပြီး ကလေး ၁၀၁ဦးနဲ့ လူကြီး ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

လတ်တလော အဲ့ဒီဂေဟာမှာ မှီခိုနေကြတဲ့ HIV နဲ့အတူနေထိုင်ကြသူတွေ အားကိုးရာမဲ့နေပြီး ရှေ့ခရီး မရေမရာဖြစ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #NACဂေဟာတာဝန်ခံ #ထောင်သုံးနှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW