နှင်းမုန်တိုင်းကြောင့် နာမည်ကျော် နိုင်ရာဂရာ ရေတံခွန် ရေခဲမှုဖြစ်ပွား

တိုရွန်တို၊ ဒီဇင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ ကနေဒါတို့မှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်မှုကြောင့် နာမည်ကျော် နိုင်ရာဂရာ ရေတံခွန်မှာ ရေခဲနဲ့ ဆီးနှင်းတွေဖုံးလွှမ်းပြီးနောက် ရေခဲမှုဖြစ်ပေါ်နေပါတယ်။

ခရစ္စမတ်ကာလအတွင်း အပူချိန်ကျဆင်းမှုကြောင့် ရေတံခွန်တွေရေခဲမှုဖြစ်ပွားနေပါတယ်။ နှင်းမုန်တိုင်းဒဏ်ကို မြောက်အမေရိကတ၀န်းမှာ အကြီးအကျယ် ရင်ဆိုင်နေရပြီး နယူးယောက်ပြည်နယ်တခုတည်းမှာ လူ ၃၉ ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးမှုအများစုဟာ နိုင်ရာဂရာရေတံခွန်ရဲ့ တောင်ဘက်၌မှာရှိတဲ့ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့မှာဖြစ်ပြီး ကနေဒါနိုင်ငံမှာလည်း လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဘတ်ဖလိုမြို့မှာ ဆီးနှင်းဒုလေးပေကျော်ထိ ကျဆင်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ကာ အိမ်ထောင်စုတွေ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပါတယ်။

အေးခဲတဲ့ ရာသီဥတုကြောင့် အထူးသဖြင့် အမေရိကန်-ကနေဒါနယ်စပ်ရှိ ရေတံခွန်တွေမှာ ရေခဲမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း ဆိုးရွားသည့်ရာဒီဥတုကြောင့် အဆိုပါနယ်စပ်ရှိ ရေတံခွန်တွေ ရေခဲမှု ဖြစ်ပွားခဲ့ပါတယ်။

Ref: BBC
Photo:Anadolu
#voiceofmyanmar #VOM #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW