ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာနဲ့ တနင်္သာရီဂျာနယ်ပင်တိုင်ဆောင်းပါးရှင်တို့ ထောင် ၅ နှစ်စီချခံရ

ဒီဇင်ဘာ၊၃၀-၂၀၂၂
MM(VOM)

ထားဝယ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM ကျောင်းဆရာတယောက်နဲ့ တနင်္သာရီဂျာနယ်ရဲ့ပင်တိုင်ဆောင်းပါးရှင် ကိုအောင်လွင်ကို မနေ့ ဒီဇင်ဘာ ၂၉ ရက်က ထားဝယ်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

”အခု ထောင်ဒဏ်ချမှတ်ခံရသူက CDM လုပ်ထားတဲ့ အခြေခံပညာအလယ်တန်းတာဝန်ခံ ကျောင်းအုပ်ဆရာ ကိုဝေရာစိုးနဲ့ တနင်္သာရီဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လုပ်ကိုင်တဲ့ ကိုအောင်လွင် (ကံပေါက်သား)ကိုပါ ၊ ထားဝယ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာ ၊ ကျောင်းဆရာ ကိုစိုးဝေက လောင်းလုံးမြို့နယ် ၊ပညစ်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဖြစ်တယ်။”လို့ တရားရုံးနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာနဲ့ ပင်တိုင်ဆောင်းပါးရှင်တို့ဟာ၂၀၂၁ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့အမှုဖွင့်တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း ထာဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးမြင့်မောင်ကို ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁ နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ကနေ ဒီဇင်ဘာ ဒုတိယအပတ်အထိ ထားဝယ်အကျဉ်း ထောင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊လွှတ်တော်ကိုယ်စားလှယ်တွေ ၊ပညာရေးဝန်ထမ်းတွေ ၊ NLD ပါတီဝင်တွေ စုစုပေါင်း ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ ၊ အကျဉ်းသား အယောက် ၄၀၀ ထက်မနည်း ရှိတယ်လို့ သတင်းမှတ်တမ်းတွေ အရသိရပါတယ်။

Photo Credit – Moe Kyaw
#voiceofmyanmar #VOM #ထားဝယ်

Related posts

Leave a Comment

VOM News

FREE
VIEW