ရော်နယ်ဒိုကို ဆော်ဒီကလပ် အယ်လ်နာဆာရ်အသင်းက ၂၀၂၅ ထိစာချုပ်နဲ့ ခေါ်ယူ

ရီယတ်၊ ဒီဇင်ဘာ-၃၁-၂၀၂၂
မျိုးဆက်(VOM)

ပေါ်တူဂီ ဘောလုံးစတား ခရစ်စတီယာနို ရော်နယ်ဒိုကို ဆော်ဒီအာရေဗျဘောလုံးအသင်း အယ်လ်နာဆာရ်က ၂၀၂၅ ခုနှစ်ထိ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်သူ ရော်နယ်ဒိုဟာ ကလပ်အသင်းကို ဝေဖန်ခဲ့တဲ့ အငြင်းပွားဖွယ်အင်တာဗျုးအပြီးမှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အယ်လ်နာဆာရ်အသင်းက စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ တနှစ်ကို ပေါင် ၁၇၇ သန်းနဲ့ ဘောလုံးသမိုင်းတလျှောက် လစာအများဆုံး ကစားသမားဖြစ်လာပါတယ်။

ပြည်ပလိဒ်အသစ်တခုမှာ ကြုံလာမယ့်စိန်ခေါ်မှုတွေကို တွေ့ကြုံလိုစိတ်ပြင်းပြနေတယ်လို့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက ပြောပါတယ်။

ဥရောပဘောလုံးလောကမှ အောင်ပွဲမျိုးစုံရရှိပြီးတဲ့နောက် မိမိရဲ့အတွေ့အကြုံတွေကို အာရှမှာမျှဝေဖို့ သင့်တော်ကောင်းမွန်တဲ့ အချိန်အခိုက်အတန့်ဖြစ်ကြောင်း သူကပြောပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူစာချုပ်နိုင်ခဲ့တာဟာ ကလပ်ရဲ့သမိုင်း၀င်အပြောင်းအရွှေ့ဖြစ်ပြီး ဆော်ဒီပရိုလိဒ်၊ နိုင်ငံနဲ့မျိုးဆက်သစ်တွေအတွက် ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးလှုံ့ဆော်ပေးနိုင်မှာဖြစ်တယ်လို့ ဆော်ဒီပရိုလိဒ်မှာ ဖလားကိုးကြိမ်ရရှိထားသော အယ်လ်နာဆာရ်ဘောလုံးအသင်းက ပြောပါတယ်။

Ref:BBC
Photo: Al Nassr
#voiceofmyanmar #VOM #ရီယတ်

Related posts

✕
VOM News

FREE
VIEW