စိုက်ပျိုးရေးလုပ်ငန်းတွေ အေးအေးဆေးဆေးမလုပ်နိုင်တဲ့ မုံရွာ တောင်နယ်က တောင်သူတွေ

နိုဝင်ဘာ ၂၃-၂၀၂၂
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာ (၅/၆) ရက်နေ့တွေက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ထန်းလေးပင်ကျေးရွာမှာ မီးရှို့ခံရတာတွေကြောင့် ကျေးရွာ ဒေသခံတွေနဲ့ စိုက်ခင်းတဲတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ထန်းလေးပင်ကျေးရွာထဲက နေအိမ် (၁၂)လုံး မီးလောင်ခဲ့ရသလို စိုက်ခင်းတွေထဲက လူနေတဲတွေလည်း မီးလောင်ခဲ့ရပါတယ်။

အဲ့ဒီလိုအခြေအနေတွေကြောင့် တောင်သူတွေဟာ စိုက်ခင်းတွေကို ပြန်မကြည့်ရဲဘဲ ရက်ရှည်တိမ်းရှောင်ခဲ့ရတာကြောင့် စိုက်ပျိုးသီးနှံတချို့ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူတွေကပြောပါတယ်၊

တောင်သူတချို့ဆိုရင် ရွာထဲကနေအိမ်ရော စိုက်ခင်းတဲပါ မီးရှို့ခံရတဲ့အပြင် သီးနှံတွေပျက်ဆီးဆုံးရှုံးခဲ့လို့ အခက်အခဲမျိုးစုံကြုံနေကြရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

YouTube Link – https://youtu.be/DVOvGkuMevM

Related posts

✕
VOM News

FREE
VIEW