စိုက်ပျိုးရေးလုပ်ငန်းတွေ အေးအေးဆေးဆေးမလုပ်နိုင်တဲ့ မုံရွာ တောင်နယ်က တောင်သူတွေ

နိုဝင်ဘာ ၂၃-၂၀၂၂ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ (၅/၆) ရက်နေ့တွေက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ထန်းလေးပင်ကျေးရွာမှာ မီးရှို့ခံရတာတွေကြောင့် ကျေးရွာ ဒေသခံတွေနဲ့ စိုက်ခင်းတဲတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ထန်းလေးပင်ကျေးရွာထဲက နေအိမ် (၁၂)လုံး မီးလောင်ခဲ့ရသလို စိုက်ခင်းတွေထဲက လူနေတဲတွေလည်း မီးလောင်ခဲ့ရပါတယ်။ အဲ့ဒီလိုအခြေအနေတွေကြောင့် တောင်သူတွေဟာ စိုက်ခင်းတွေကို ပြန်မကြည့်ရဲဘဲ ရက်ရှည်တိမ်းရှောင်ခဲ့ရတာကြောင့် စိုက်ပျိုးသီးနှံတချို့ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူတွေကပြောပါတယ်၊ တောင်သူတချို့ဆိုရင် ရွာထဲကနေအိမ်ရော စိုက်ခင်းတဲပါ မီးရှို့ခံရတဲ့အပြင် သီးနှံတွေပျက်ဆီးဆုံးရှုံးခဲ့လို့ အခက်အခဲမျိုးစုံကြုံနေကြရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #မုံရွာ YouTube Link – https://youtu.be/DVOvGkuMevM

Read More

ယူကရိန်း ဇာပိုရစ်ဇီယာစက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားသတိပေး

မော်စကို၊ နို၀င်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ဥရောပရဲ့ အကြီးဆုံးနျူကလီးယားဓါတ်အားပေးစက်ရုံဖြစ်တဲ့ ဇာပိုရစ်ဇီယားစက်ရုံမှာ နျူကလီးယား မတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားအစိုးရရဲ့ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက နို၀င်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို ရုရှားကမတ်လအတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စက်ရုံနယ်မြေအနီးမှာ လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းတို့က အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။ နို၀င်ဘာ ၂၀ ရက်ကလည်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြိီးနောက် စက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ ဇာပိုရစ်ဇီယားနျူကလီးယားဓါတ်အားပေးစက်ရုံမှာ နျူကလီးယားမတော်တဆမှု ဖြစ်ပွားနိုင်ခြေရှိနေပြီး ဒီကိစ္စအပေါ် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ( အိုင်အေအီးအေ)နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရုရှားအဏုမြူစွမ်းအင် အေဂျင်စီအကြီးအကဲ အလက်ဇီလစ်ခါချော့ဗ်က ပြောပါတယ်။ ယူကရိန်းအနေနဲ့ အဆိုပါစက်ရုံမှာ အသေးစားနျူကလီးယားမတော်တဆမှုဖြစ်ပေါ်စေဖို့ ဆန္ဒရှိနေကြောင်း သူကပြောပါတယ်။ အိုင်အေအီးအေတော့ နျူကလီးဓါတ်အားပေးစက်ရုံ၀န်းကျင်မှာ ဘေးကင်းဇုန်တခု ဖန်တီးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ Ref: Reuters #voiceofmyanmar #VOM #မော်စကို

Read More

ငွေသားသန်းချီထုတ်ယူတဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးကို စစ်ဆေးဖို့ရှိနေ

နိုဝင်ဘာ ၂၂ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့က ရွှေစျေးကွက်ရှိရာ ရွှေဘုံသာလမ်းမှာရှိတဲ့ စီဘီနဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲတွေကနေ ငွေသားသန်းချီထုတ်ယူတဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးကို ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီက စစ်ဆေးဖို့ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။ ရွှေလုပ်ငန်းရှင် ၇ ဦးထဲမှ ၃ ဦးဟာ စီဘီဘဏ်မှာ စုစုပေါင်း ငွေသား ၁၆၁၃ ဒသမ ၇၀ ကျပ်သန်း ထုတ်ယူခဲ့ပြီး နောက်ထပ် ၄ ဦးကတော့ မြန်မာ့ရှေ့ဆောင်ဘဏ်မှာ ငွေသား ၃၂၆၃ ဒသမ ၄၅ ကျပ်သန်း ထုတ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြေပြင်သတင်းနဲ့ ဘဏ်ကရရှိတဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စိစစ်ချက်အရ ငွေသားထုတ်ယူမှုများပြားတဲ့ အဲ့ဒီ့ လုပ်ငန်းရှင်တွေကို ရွှေဈေးကွက်နဲ့ ဆက်စပ်ပတ်သက်ပြီး ရွှေအရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်နေသူတွေဖြစ်တယ်လို့ ကော်မတီက စုံစမ်းသိရှိရတဲ့အတွက် လိုအပ်သလို…

Read More

အာဆီယံကာကွယ်ရေး၀န်ကြီးအစည်းအဝေး မြန်မာကိုယ်စားလှယ် ဖိတ်ကြားမခံရ

ဖနွမ်းပင်၊ နို၀င်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ယခုသီတင်းပတ်အတွင်းမှာ ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ ကာကွယ်ရေး၀န်ကြီးကို ဖိတ်ကြားခြင်းမရှိပါဘူး။ အဲဒီအစည်းအဝေးကို အာဆီယံကာကွယ်ရေး၀န်ကြီးတွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက ကာကွယ်ရေး၀န်ကြီးတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အစည်းအဝေးကို ကမ္ဘာ့ဒီးယားနိုင်ငံ Siem Reap မြို့မှာ နို၀င်ဘာ ၂၃ ရက်ကစပြီးပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဂီတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ အစည်းအဝေးမှာ မြန်မာစစ်တပ်ကကိုယ်စားလှယ် တက်ရောက်မှာကို အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က မနှစ်မြို့ဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးပွဲတိုင်းတွေ မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ကြားမှုတွေကို ပြန်သုံးသပ်ဖို့ ယခုလအတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးတွေမှာတော့ မြန်မာအာဏာပိုင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဖနွမ်းပင်

Read More

မင်္ဂလာဒုံမှာ နေအိမ်တွေကို အပြီးဖျက်ပေးရမယ်လို့ အမိန့်ထုတ်ပြီးနောက်ပိုင်း မိမိကိုယ်ကိုသေကြောင်းကြံသူတွေရှိလာ

နိုဝင်ဘာ ၂၂-၂၀၂၂ VOM (GG) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၅ ခုက နေအိမ်တွေကို ကျူးကျော်နေထိုင်သူတွေဆိုပြီး ဖျက်သိမ်းပေးဖို့ အသိပေးအကြောင်းတာကြောင့် နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။ နေအိမ်တွေကို ဖျက်ပေးလိုက်ရသူတွေအတွက် ပြန်လည်တည်ဆောက်ဖို့ နေရာအစားထိုးပေးတာမျိုးမရှိတာကြောင့် နေထိုင်ဖို့အခက်အခဲတွေဖြစ်ပေါ်ကာ မိမိကိုယ်ကို သတ်သေတဲ့သူတွေ ရှိလာတယ်လို့ ဒေသခံတွေပြောပြပါတယ်။ ” ပေါ်စကိုစက်ရုံလမ်းဘက်မှာဆို နေဖို့နေရာမရှိ၊အိမ်မရှိ စားစရာ မရှိလို့ဆိုပြီး ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေတဲ့သူတွေတောင်ရှိတယ်။မြဲမြံအောင်ရပ်ကွက်မှာလည်း သေတယ်။ကျနော်တို့ရပ်ကွက်လည်းမဖျက်ဖို့၊ကျောင်းသားတွေလည်းရှိတယ်၊အေးအေးဆေးဆေးနေထိုင်ပါမယ်လို့ တင်ပြတာကိုတောင် သူတို့ကမရပါဘူး”လို့ နေအိမ်ဖျက်ခံရသူတဦးကပြောပါတယ်။ လက်ရှိ ဖျက်သိမ်းပေးဖို့အကြောင်းကြားခံရတာက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိ မြေပေါ်မှာ ခွင့်ပြုမဲ့ အဆောက်အအုံအားလုံးကို နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းပေးဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က…

Read More

အင်ဒိုနီးရှား ဂျာဗားကျွန်းမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု လူ ၁၆၀ ကျော်သေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရ

ဂျကာတာ ၊နိုဝင်ဘာ – ၂၂-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၆၀ ကျော်သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ တွေက ပြောပါတယ်။ ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်ဟာ အနောက်ဂျာဗားရှိ Cianjur မြို့ကို အနက် ၁၀ ကီလိုမီတာ (၆ မိုင်)မှာ ဗဟိုပြုပြိး လှုပ်ခတ်ခဲ့ကြောင်း ဘူမိတိုင်းတာ ရးအဖွဲ့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံ အောက်မှာ ပိတ်မိနေသေးတယ်လို့ယူဆရတဲ့ အခြားသူတွေကိုကယ်တင်ဖို့ ကယ်ဆယ်ရေးသမား တွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ငလျင်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၆၀ ကျော်ထိရှိလာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။ ငလျင်ကြောင့် လူ ၃၂၆ ဦးကျော်ဒဏ်ရာရခဲ့ပြီး…

Read More

မီးကပျက် ကုန်ကြမ်းမရနဲ့ အခက်တွေ့နေတဲ့ ‌အသေးစား၊ အလတ်စား လုပ်ငန်းများ

နိုဝင်ဘာ ၂၂ – ၂၀၂၂ SN (VOM) ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့် အထိနာနေတဲ့ အသေးစား၊ အလတ်စား (SME) လုပ်ငန်းတွေဟာ လက်ရှိ ပြည်တွင်းမှာ အချိန်ကြာမြင့်စွာ မီးပျက်မှုတွေနဲ့ ကုန်ကြမ်းမရရှိတာတွေကြောင့် ပိုပြီး အခက်ကြုံနေကြရပါတယ်။ နစက က နိုင်ငံကို သူတာဝန်ယူစဉ်အတွင်းမှာ နိုင်ငံ့စီးပွားရေး ဦးမော့လာကြောင်းနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ အခုအချိန်အထိ ဘာမှ ဖြစ်မလာသေးတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်တွေ မပိတ်ရဖို့အတွက် အသည်းအသန် ကျားကန်နေရတာပါ။ SME လုပ်ငန်းတွေဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက် ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာတွေကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။ “မီးကိုတောင် အခုထိ ပုံမှန်ဖြစ်အောင် ပြန်မပေးနိုင်သေးဘူး။ တခြားဟာတွေ…

Read More

တောင်ကလေး ရဲကင်းစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဲ ၈ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၂ SP( VOM) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ် ၊ ကြာအင်းဆိပ်ကြီး – မုဒုံကားလမ်းဘေးမှာရှိတဲ့ ၊ တောင်ကလေး ရဲကင်းစခန်းမှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဲ တချို့ ထိခိုက်သေဆုံး ၊ ဒဏ်ရာရတယ်လို့ မွန်ပြည်နယ် ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင် တွေက ရဲကင်းစခန်းကို ဒရုန်းနဲ့ ဗုံးချတယ် ၊ နောက်ပြီး မြေပြင်ကနေ ၄၀ မမ ဗုံးပစ်သေနတ်တွေနဲ့ ပစ်တယ် ၊ အဲ့ဒီအချိန် တောင်ကလေးရဲကင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်တာ”လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ” ထိတွေ့ပစ်ခတ်မှု…

Read More

ဖျာပုံမှာ ဖမ်းခံရတဲ့ ရဲတပ်ဖွဲဝင်ရဲ့ဇနီး ၁ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးကိုအကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

နိုဝင်ဘာလ ၊ ၂၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ တရားမဝင်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး အဖမ်းခံခဲ့ရတဲ့ ၂၀ အယောက်ကျော်ထဲက ရဲတပ်ဖွဲ့ဝင်ရဲ့ဇနီး ၁ယောက်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင် ၂ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ၅ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီး ၁ ယောက် အပါအဝင် လူအယောက် ၂၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့အဖမ်းခံရတဲ့ လူအယောက် ၂၀ ကျော်ထဲက ဖျာပုံမြို့နယ် ၊ ရဲတပ်ဖွဲ့ဝင် ထင်လင်းရဲ့ ဇနီး မကေသီဝင်း (ခ)ငယ်ငယ် ၊ Brother လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးမျိုး ၊ ဆွေသဟာ တည်းခိုခန်းလုပ်ငန်းရှင် မဆွေဆွေလှိုင်တို့ကို မနေ့ ၂၀ ရက်က အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ၊…

Read More

ဗုံးခွဲတိုက်ခိုက်မှု လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နှင့်ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက လေကြောင်းတိုက်ခိုက်

အစ္စတန်ဘူလ်၊ နို၀င်ဘာ-၂၁-၂၀၂၂ မျိူးဆက်(VOM) တူရကီဟာ မြို့တော်အစ္စတန်ဘူလ်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို နို၀င်ဘာ ၂၀ ရက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့တော်အစ္စတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက ပြစ်တင်ထားပြီးနောက် တပတ်အကြာမှာ ကာ့ဒ်အခြေစိုက်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာကို ထိခိုက်ခဲ့ကြောင်း ဆီးရီးယားရှိ ကာ့ဒ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေရဲ့ အဆောက်အအုံတွေ၊ ကတုတ်ကျင်းတွေ၊ လှိုဏ်ခေါင်းတွေနဲ့ ဂိုထောင်တွေကို အောင်မြင်စွာ ဖျက်စီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီး ဟူလူစီအက်ခါက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းနဲ့ အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၉ ခုပျက်စီးခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:TDM #voiceofmyanmar #VOM #အစ္စတန်ဘူလ်

Read More
VOM News

FREE
VIEW