ဖျာပုံမှာ ဖမ်းခံရတဲ့ ရဲတပ်ဖွဲဝင်ရဲ့ဇနီး ၁ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးကိုအကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

နိုဝင်ဘာလ ၊ ၂၁-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ တရားမဝင်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး အဖမ်းခံခဲ့ရတဲ့ ၂၀ အယောက်ကျော်ထဲက ရဲတပ်ဖွဲ့ဝင်ရဲ့ဇနီး ၁ယောက်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင် ၂ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ၅ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီး ၁ ယောက် အပါအဝင် လူအယောက် ၂၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့အဖမ်းခံရတဲ့ လူအယောက် ၂၀ ကျော်ထဲက
ဖျာပုံမြို့နယ် ၊ ရဲတပ်ဖွဲ့ဝင် ထင်လင်းရဲ့ ဇနီး မကေသီဝင်း (ခ)ငယ်ငယ် ၊ Brother လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးမျိုး ၊ ဆွေသဟာ တည်းခိုခန်းလုပ်ငန်းရှင် မဆွေဆွေလှိုင်တို့ကို မနေ့ ၂၀ ရက်က အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က)စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

” PDF တွေကို ထောက်ပဲ့တယ်ဆိုပြီး လူ အယောက် ၂၀ ကျော် အဖမ်းခံခဲ့ရတာ ၊ စီးပွားရေး လုပ်ငန်းရှင် ၅ ယောက် နဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီး ၁ ယောက်လည်းပါတယ် ၊ အခု စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် ဥဒေနဲ့ အမှုဖွင့်လိုက်တာ ကျန်တဲ့သူတွေကိုလည်း ဆက်ဖမ်းထားဆဲပဲ ၊ ဖမ်းခံရတဲ့သူတွေကို တရာဥပဒေနဲ့ အညီစစ်ဆေးတာတွေ လုပ်နေတာလို့ ရဲတပ်ဖွဲ့ကပြောတယ်။”လို့ တရားလွှတ်တော်ရှေ့နေတဦး ကပြောပါတယ်။

ဖျာပုံမြို့နယ်မှာ တာဝန်ထမ်းဆောင်နေဆဲ ရဲဝန်ထမ်း ၁ ယောက်ရဲ့ဇနီး အဖမ်းခံရပြီး အမှုဖွင့်ခံရတာဟာ ပထမဆုံး ဖြစ်ပေမဲ့ ဖျာပုံမြို့နယ်ထွထွေအုပ်ချုပ်ရေးဦးစီးဌာနကရုံး ဝန်ထမ်းအမျိုးသမီး ၁ ယောက်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသေးတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်ကနေ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ဒုတိယအပတ်လောက်ကလည်း ဖျာပုံမြို့နယ် လျှပ်စစ်ရုံးနဲ့ စိုက်ပျိုးရေးရုံးအနားမှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသား ၂ ယောက်ကို မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW