မူဝါဒအခက်အခဲတွေကြောင့် ပြည်ပကို အစေ့ထုတ်ပြောင်း တင်ပို့မှု လျော့ကျသွားနိုင်

ဖေဖော်ဝါရီ ၁၈ -၂၀၂၃

GG(VOM)

ပြည်တွင်းကနေ ထွက်ရှိတဲ့ အစေ့ထုတ်ပြောင်း တွေကို ပြည်ပ တင်ပို့ရာမှာ မြန်မာဘက်ကမူဝါဒအပြောင်းအလဲတွေကြောင့် တင်ပို့မှုလျော့ကျသွားနိုင်တယ်လို့ ပြောင်း တင်ပို့တဲ့ကုန်သည်တွေဆီက သိရပါတယ်။

ပြောင်းလဲလိုက်တဲ့မူဝါဒအထဲက နယ်စပ်ကနေ ပို့ကုန်ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ လဲရမယ်ဆိုတဲ့အချက်နဲ့ လိုင်စင်ထုတ်ပေးမှုကြန့်ကြာတာတွေအပါအဝင် တခြားအခက်အခဲတွေကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

မူဝါဒအပြောင်းအလဲတွေကြောင့် ထိုင်းကို ပြောင်းတင်ပို့မှုဟာ တနေ့ကို အစီး ၄၀၀ လောက်ကနေ လက်ရှိမှာ တနေ့ကို ပြောင်း တွဲကား အစီး ၁၀၀ လောက်သာ တင်ပို့နိုင်တော့တယ်လို့ သိရပါတယ်။

” တင်ပို့တဲ့နေရာမှာ အချိန်လည်းအရမ်း‎နှောင့်နှေးတယ်။ မှုဝါဒတွေပေါ့။လုပ်ရကိုင်ရခက်တယ်။ပုံမှန်ကောင်းနေတဲ့အချိန်ကဆို တစ်နေ့ကိုအစီးရေ ၃၀၀ နဲ့၄၀၀ကြားပို့ခဲ့ကြတာ။ အခုကတော့ အဲ့ဒီလိုလုပ်နိုင်ခြင်းတော့မရှိဘူး။မူဝါဒအခက်အခဲရှိရင် ကျသွားနိုင်တာပေါ့”လို့ ပြောင်းတင်ပို့နေတဲ့ကုန်သည်တဦးကပြောပါတယ်။

လက်ရှိ ပြောင်းတင်ပို့မှုဟာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတာဖြစ်တဲ့အပြင် ထိုင်းဘက်ကလည်း ပြောင်းဝယ်လိုအားကောင်းနေပြီး စျေးကအမြင့်တန်းမှာရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ အစေ့ထုတ်ပြောင်းက တနှစ်ကို ၃ .၂ သန်းဝန်းကျင်ထွက်ပြီး လက်ရှိမှာပြည်တွင်း ပြောင်းသုံးစွဲမှုလျော့ကျနေလို့ မူဝါဒအခက်အခဲသာမရှိရင် ပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန် များများတင်ပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” ပြောင်းက ဒေသတွင်း မွေးမြူရေးအစာအဖြစ်ပဲသုံးကြတာပါ၊ခုတော့စီးပွားရေးကလည်းကျုံ့သွားလို့ပြည်တွင်းသုံးစွဲမှုကျသွားနိုင်ပါတယ်၊” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကဆိုပါတယ်။

ပြောင်းကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင်စတဲ့ နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ ထိုင်းကို​တော့ အခွန်ကင်းလွတ်ရတဲ့ခုကာလမှသာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေတင်ပို့တာဖြစ်တယ်လို့သိရပါတယ်။

ပြည်ပနိုင်ငံတွေကို ပြောင်းတင်ပို့မှုက တနှစ်ကို မက်ထရစ်တန်ချိန် ၂သန်းအထက်တင်ပို့မှုရှိပြီး အမေရိကန်ဒေါ်လာ သန်း၆၀၀ လောက်ရရှိတဲ့ ပြည်တွင်းထုတ်ကုန်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အစေ့ထုတ်ပြောင်း #ပြည်ပတင်ပို့မှု #မူဝါဒပြောင်းလဲမှု #တင်ပို့မှုလျော့ကျ

Related posts

Leave a Comment

VOM News

FREE
VIEW