ပြည်သူ့ပါတီကို ပြည်ထောင်စုအဆင့်ပါတီအနေနဲ့ မှတ်ပုံတင်မယ်

ဖေဖော်ဝါရီ ၂၈-၂၀၂၃ KK(VOM) ပြည်သူ့ပါတီကို ပြည်ထောင်စုအဆင့်ပါတီအဖြစ်နဲ့မကြာခင်မှတ်ပုံတင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးကာ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်သွားမယ်လို့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ပါတီအနေနဲ့အကြမ်းမဖက်နိူင်ငံရေး နည်းလမ်းကို ယုံကြည်တာကြောင့် နိူင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ဆုံးဖြတ်ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ပါတီနဲ့ ပူးပေါင်းကာ ပြည်ထောင်စုအဆင့်ပါတီအနေနဲ့ မှတ်ပုံတင်သွားမယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။ “ပြည်ထောင်စုအဆင့်တင်မှာပါ တင်မယ့်ရက်တော့ ပြောလို့မရသေးဘူး၊ ရက်ပေါင်း ၆၀ မကျော်ခင် ပြင်ဆင်စရာရှိတာ လုပ်စရာရှိတာတွေ လုပ်ပြီးရင် တင်မှာပါ “လို့ ဦးကိုကိုကြီးကပြောပါတယ်။ ပြည်သူ့ပါတီ( PP)ဟာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ပါတီနဲ့ ပူးပေါင်းရတဲ့ရည်ရွယ်ချက်နဲ့ပတ်သင်ပြီး NUDP ဥက္ကဋ္ဌ ဦးစိန်ဝင်းက “ပါတီနှစ်ခုပေါင်းတဲ့ရည်ရွယ်ချက်က ပူးပေါင်းဆောင်ရွက်ဖို့ပါ၊ လက်တလောမှာ PP ပါတီကို တရားဝင်ပါတီဖြစ်အောင်လုပ်ဖို့ပဲ ဦးစားပေးလုပ်နေတာရှိတယ်”လို့ ပြောပါတယ်။ ပြည်ထောင်စုအဆင့်ပါတီအနေနဲ့မှတ်ပုံတင်မယ်ဆိုပါက ပါတီဝင်ဦးရေ…

Read More

နျူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေ နှစ် ၆၀ ကျော် လည်ပတ်ခွင့်ဥပဒေ ဂျပန်အစိုးရအတည်ပြု

တိုကျို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဂျပန်အစိုးရဟာ နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကို လက်ရှိကန့်သတ်ချက်ထက် နှစ် ၆၀ ကျော်လည်ပတ်ခွင့်ပြုမယ့် ဥပဒေတွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ လျှပ်စစ်ဓါတ်အားလုပ်ငန်းနဲ့ နျူကလီးယားဓါတ်ပေါင်းဖိုဆိုင်ရာ စည်းမျဉ်းတွေအပါအ၀င် ဥပဒေတွေကို ပြန်လည်ဆင်မှုကို ဂျပန်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကာဗွန်ကင်းစင်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ဖို့ ဂျပန်နိုင်ငံရဲ့အစီအစဉ် တစိတ်တပိုင်းဖြစ်ကြောင်း ဂျပန်အစိုးရကပြောပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေ အသုံးပြုမှုကိုမြှင့်တင်ဖို့ စနစ်တွေကိုထူထောင်သွားမယ်လို့ ပြောပါတယ်။ အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ နျူကလီးယားဓါတ်အားပေးစက်ရုံတွေ စစ်ဆေးမှုနှဲ့ စမ်းသပ်မှုခံယူတဲ့ အချိန်မှအပ နှစ်ပေါင်း ၆၀ ထက် ကျော်လွန်လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရုံတွေဟာ ၁၀ နှစ်သို့မဟုတ် နှစ် ၃၀ အောက်လည်ပတ်ပြီးပါက စက်ကိရိယာတွေနဲ့ ပစ္စည်းတွေကို စစ်ဆေးခြင်းပြုဖို့ သတ်မှတ်ထားပြီး ဒီအစီအစဉ်တွေကို…

Read More

အဝေးရောက် ချစ်သူတွေအတွက် အနမ်းပေးစက်တမျိုး တရုတ်ကုမ္ပဏီ ထုတ်လုပ်ရောင်းချနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) တရုတ်နည်းပညာကုမ္ပဏီတစ်ခုဟာ အဝေးရောက်ချစ်သူတွေအတွက် တကယ်အထိအတွေ့လိုခံစားရမယ့် အနမ်းပေးစက်ကို ထုတ်လုပ်ရောင်းချနေပြီဲဖြစ်ပါတယ်။ Changzhou Vocational Institute of Mechatronic Technology ကနေ ဖန်တီးလိုက်တဲ့ Remote Kiss လို့အမည်ရတဲ့ အဲဒီအနမ်းပေးစက်ဟာ စမတ်ဖုန်း အက်ပလီကေးရှင်းကနေ ထိန်းချုပ်ထားတဲ့ ပစ္စည်းနဲ့ တကယ်အနမ်းပေးသလို အထိအတွေ့ကို ခံစားရမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒီလိုအနမ်းပေးတဲ့ ကိရိယာဟာ အနမ်းရဲ့ဖိအား၊ လှုပ်ရှားမှုနဲ့ အပူချိန်တို့ကိုပါ ပုံတူတုံ့ပြန်နိုင်ဖို့အတွက် ဆီလီကွန် နှုတ်ခမ်းပုံတူတခုကို အသုံးပြုထားတာဖြစ်ပါတယ်။ ကျွန်တော်တက္ကသိုလ်မှာတုန်းက အဝေးကချစ်သူနဲ့တယ်လီဖုန်းကတဆင့်ပဲ ဆက်သွယ်နေခဲ့ရတာဖြစ်ပြီး နီးကပ်တဲ့ဆက်ဆံရေးပုံစံမျိုးဖန်တီးဖို့အတွက် ဒီစိတ်ကူးစိတ်သန်းကို ရရှိခဲ့တာဖြစ်တယ်လို့ အဲဒီစက်တီထွင်ရေးကို ဦးဆောင်သူ ကျန်ရှောင်လီက တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။ Changzhou Vocational Institute of Mechatronic Technology ဟာ ဒီနည်းပညာအတွက် ၂၀၁၉ ခုနှစ်က…

Read More

မြင်းမူမြို့မှာ ကုန်စုံဆိုင် မီးလောင်မှုဖြစ်ပြီး လူ တဦးသေဆုံး ၊ (၂)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၈-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ သီဟရပ်ကွက် ၊ CB ဘဏ်နားက ကုန်စုံဆိုင်ဟာ ဒီကနေ့မနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ပြီး လူ (၂)ဦး ဒဏ်ရာရကာ ၊ လူတဦး သေဆုံးခဲ့တယ်လို့ မြင်းမူမြို့ခံ မြတ်သုခလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။ ” ဒီမနက် ၁ နာရီခွဲမှာ CB bank နားက မသန်းသန်းစိုး ကုန်စုံဆိုင် မီးလောင်တယ် ၊ ဘာကြောင့် မီးစတင်လောင်တယ်ဆိုတာ စီစစ်နေဆဲဖြစ်တယ် ၊ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ရှိတယ် ၊ ဒီမနက် ၈ နာရီခွဲမှာ အဲ့ဒီမီးလောင်တဲ့ ကုန်စုံဆိုင် အဆောက်အဦ ဒုတိယထပ်မှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသမီး Dead Body…

Read More

ဒီးမော့ဆိုမှာ လက်နက်ကြီးကျလို့အမျိုးသမီး (၁)ဦးသေဆုံး၊ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိ

ဖေဖော်ဝါရီ၊ ၂၈-၂၀၂၃ MM [VOM] ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာအနီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး(၁)ယောက် သေဆုံးကာ(၂) ယောက် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၈ နာရီလောက်ကဖြစ်တာ၊ စစ်ရှောင်တွေနေတဲ့ အနားကိုလာကျတာ၊ အသက် ၂၅ ကျော်အရွယ် အမျိုးသမီးတယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်၊အခု သေဆုံးသွားတဲ့သူရဲ့ အမျိုးသားက ဘယ်ဘက်လက်မောင်းကျိုး (ပြင်းထန် ဒဏ်ရာ)ရရှိသွားတယ်၊နောက်ထပ်အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတယောက်လည်း တင်ပါးဆုံဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။ ဒဏ်ရရှိတဲ့အမျိုးသား(၁)ယာက်နဲ့အမျိုးသမီး(၁)ယောက်မှာလည်း စိုးရိမ်ရတယ်လို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ အမျိုးသမီးမှာအသက်(၂) နှစ်ခွဲအရွယ် သားယောင်္ကျားလေး(၁) ယောက်ကျန်နေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ လက်နက်ကြီးကျတဲ့နေရာအနီးမှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းနဲ့ ဒီကနေ့…

Read More

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာအနီးမှာ တိုက်ပွဲဖြစ်လို့ ကားတွေ ပိတ်မိနေ

ဖေဖော်ဝါရီ ၂၈-၂၀၂၃ Shy V(VOM) ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရာလမ်းဖြစ်တဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာနားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်ကတပ်နဲ့ KIAတို့ တိုက်ပွဲဖြစ်လို့ ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ “ကွတ်ခိုင် အထွက် ရှုခင်းသာ ဟုတ်တယ်။ အဲ့ဒီနား ခဏခဏ ဖြစ်တယ်၊ အဲဒီနေရာမှာ ကေအိုင်ကေ ဘက်က ဆက်ကြေး ကောက်လေ့ ကောက်ထ ရှိပြီး တပ်ဘက်ကလည်း မကြာခဏ လာရောက် ရှင်းလင်းတာမျိုး ရှိတယ်။” လို့ ခရီးသွား ပြည်သူ တဦး က ပြောပါတယ်။ နှစ်ဖက် အတက်အဆင်း ကားတွေ သွားလာလို့မရဘဲ စောင့်ဆိုင်းနေရကာ ကားတွေ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံ အမျိုးသမီး တဦးက…

Read More

မြန်မာနိုင်ငံကနေ Nestleကုမ္ပဏီ ထွက်ခွာတော့မယ်

ဖေဖော်ဝါရီ ၂၈ – ၂၀၂၃ GG(VOM) ဆွစ်ဇာလန်နိုင်ငံက စားသောက်ကုန်လုပ်ငန်း ကမ္ဘာကျော်ကုမ္ပဏီကြီးဖြစ်တဲ့ Nestle ဟာ မြန်မာပြည်ကနေ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ထွက်ခွာတော့မယ်လို့ ကုမ္ပဏီဘက်တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ အသိပေးလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေတွေကြောင့် ရန်ကုန်က Nestleရုံးချုပ်နဲ့ ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းပြီး မြန်မာပြည်ကနေထွက်ခွာမှာဖြစ်ကြောင်းအသိပေးခဲ့တာဖြစ်ပြီး ထွက်ခွာမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။ အခုလို ပြည်ပကုမ္ပဏီကြီးတွေမြန်မာပြည်ကနေထွက်ခွာမှုနဲ့ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက “အခုကမြန်မာပြည်မှာအလုပ်လုပ်ရတာက စီးပွားရေးကို လုပ်နေရတာနဲ့မတူဘူး၊မူဝါဒတွေပြောင်းတာကိုပဲ လိုက်ပြောင်းလုပ်နေရသလိုဖြစ်နေတယ်၊စီးပွားရေးကို တစိုက်မတ်မတ်လုပ်လို့မရဘူး၊မူဝါဒအတည်တကျမရှိတော့ အဆင်မပြေတော့ဘူး။ဒါကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားကြတာ၊နိုင်ငံခြားသားရော ပြည်တွင်းကပါ တိကျတဲ့မူဝါဒတွေကိုပဲ လုပ်ချင်တယ်၊အချိန်တိုင်းပြောင်းလဲနေတာ ဘာတခုမှအဆင်မပြေပါဘူး “လို့သုံးသပ်ပြောဆိုပါတယ်။ မြန်မာပြည်ကနေထွက်ခွာပြီး Nestle ကုမ္ပဏီဟာ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ လက်ရှိ Nestle ကုမ္ပဏီရုံးချုပ်နဲ့စက်ရုံမှာ ဝန်ထမ်းအင်အား…

Read More

အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတဲ့ စစ်ကိုင်းတိုင်းက မီးဘေးသင့်ပြည်သူတွေ

ဖေဖော်ဝါရီ ၂၈-၂၀၂၃ Voice Of Myanmar (VOM) နိုင်ငံရေးဖြစ်စဥ် ပြောင်းလဲခဲ့တဲ့ (၂) နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ နေအိမ်ပေါင်း သောင်းနဲ့ချီ မီးရှို့ခံခဲ့ရပြီး ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့အခြေအနေတွေနဲ့ ဘဝရပ်တည်မှုအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ တချို့မိသားစုတွေဆိုရင် အိုးအိမ်ပြန်လည်ထူထောင်ရေးထက် နေ့စဉ်စားဝတ်နေရေးတောင် အဆင်မပြေကြသူတွေလည်း အများအပြားရှိနေပါသလို တချို့ကျေးရွာတွေက မီးဘေးသင့်ပြည်သူတွေဆိုရင် စားဝတ်နေရေးအတွက် ဒေသအတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပေါ်တွေမှာ တောင်းရမ်းစားသောက်နေရသူတွေလည်းရှိနေပါတယ်၊ ဒါကြောင့်လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ကြိုးစားလာကြပြီး လက်ရှိမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ ကန့်သတ်မှုတချို့လည်းရှိနေတာကြောင့် ပြည်ပမှာအလုပ်လုပ်ကိုင်ဖို့ဆိုတဲ့အခွင့်အရေးဟာလည်း လူငယ်တွေအတွက် အိမ်မက်တခုလိုဖြစ်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်းတိုင်း Youtube Link – https://youtu.be/SE1ULm3mFB4

Read More

မြို့သိမ်းမင်္ဂလာ စစ်အင်္ဂါ အခင်းအကျင်းနှင့် သူရဲတပ်

ဆူးငှက် ကုန်းဘောင်ခေတ်ကို စတင် တည်ထောင်တော်မူသော အလောင်းမင်းတရားကြီးနှင့် မဟာမင်္ဂလာ ရတနာဓိပတိ သိရီရာဇစန္ဒာဒေဝီ ဘွဲ့ခံ မိဖုးရားခေါင်ကြီးတို့မှ ဖွားမြင်သော စတုထ္တသားတော် ဘိုးတော်မင်းတရား (ဗဒုံမင်း)နှင့် ၎င်း၏ မိဖုးရားခေါင်ကြီးဖြစ်သော အ၀ ဗိုလ်မှုးမင်းလှကျော်သူနှင့် မဟာအတုလဒဝီ မယ်အိတို့မှ ဖွားသည့် သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီတို့သည် ကုန်းဘောင် မင်းဆက်၏ ဆဋ္ဌမမြောက် မင်းဆက်ကို ဆက်ခံခဲ့သည်။ ကုန်းဘောင်မင်းဆက်သည် ထိုလက်ထက်တော်၌ ဘုန်းလက်ရုံးသည် နေလိုလလို ထွန်းတောက်ခဲ့သည်ဟု ဆိုကြ၏။ ထိုအချိန်၌ ဘိုးတော်မင်းတရားသည် အင်းဝနေပြည်တော်ကို စွန့်၍ အမရပူရနေပြည်တော်ကြီးကို တည်ထောင်ခဲ့သည်။ အမရပူရမြို့တော်ကြီးသည် အရှေ့အောင်ပင်လယ်၊ အရှေ့တောင် ရွှေစာရံ၊တောင် ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက် စကိုင်းနယ်၊မြောက်ဘက် တောင်ကျုံးကြီး၊ အရှေ့မြောက် ဘုတ်သက်ကယ်ကျင်းထိ ကျယ်ဝန်းသည်။ အမရပူရနေပြည်တော် တည်ထောင်ရာတွင် ၁၁၄၄ခု တန်ဆောင်မုန်းလ္ဆန်း ၅ရက်မှစ၍ ထီးပေါင်းကား…

Read More

ယူကရိန်းအတွက် ဒေါ်လာသန်း ၄၀၀ ဖိုး လူမှုစီးပွားအကူအညီတွေ ဆော်ဒီအာရေဗျ ပေးမယ်

ရီယတ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းအတွက် ဆော်ဒီအာရေဗျက ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ လူမှုစီးပွားအကူအညီပေးဖို့ နှစ်နိုင်ကြား သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးစဥ် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ကတိပြုခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်မှာတော့ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၁၀၀ဖိုး ပေးအပ်ဖို့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တခု ပါဝင်ပါတယ်။ ဒါ့အပြင် ရေနံထုတ်ကုန်ဆိုင်ရာ ထောက်ပံငွေ ဒေါ်လာ သန်း ၃၀၀ ပါဝင်တယ်လို့လည်း သိရပါတယ်။ အခုလိုထောက်ပံမှုဟာ ယူကရိန်းရဲ့လူမှုစီးပွားအပေါ် ဆော်ဒီရဲ့ထောက်ခံမှုကို ထင်ဟပ်နေတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ယူကရိန်းရောက်ရှိနေတဲ့ ဆော်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ယူကရိန်းတာဝန်ရှိသူတွေဟာ ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းရေးနည်းလမ်းတွေကိုလည်း ဆွေးနွေခဲ့ကြပါတယ်။ Ref: Arab News Photo:SPA #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW