ပြည်သူ့ပါတီကို ပြည်ထောင်စုအဆင့်ပါတီအနေနဲ့ မှတ်ပုံတင်မယ်

ဖေဖော်ဝါရီ ၂၈-၂၀၂၃
KK(VOM)

ပြည်သူ့ပါတီကို ပြည်ထောင်စုအဆင့်ပါတီအဖြစ်နဲ့မကြာခင်မှတ်ပုံတင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးကာ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်သွားမယ်လို့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ပါတီအနေနဲ့အကြမ်းမဖက်နိူင်ငံရေး နည်းလမ်းကို ယုံကြည်တာကြောင့် နိူင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ဆုံးဖြတ်ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ပါတီနဲ့ ပူးပေါင်းကာ ပြည်ထောင်စုအဆင့်ပါတီအနေနဲ့ မှတ်ပုံတင်သွားမယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။

“ပြည်ထောင်စုအဆင့်တင်မှာပါ တင်မယ့်ရက်တော့ ပြောလို့မရသေးဘူး၊ ရက်ပေါင်း ၆၀ မကျော်ခင် ပြင်ဆင်စရာရှိတာ လုပ်စရာရှိတာတွေ လုပ်ပြီးရင် တင်မှာပါ “လို့ ဦးကိုကိုကြီးကပြောပါတယ်။

ပြည်သူ့ပါတီ( PP)ဟာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ပါတီနဲ့ ပူးပေါင်းရတဲ့ရည်ရွယ်ချက်နဲ့ပတ်သင်ပြီး NUDP ဥက္ကဋ္ဌ ဦးစိန်ဝင်းက
“ပါတီနှစ်ခုပေါင်းတဲ့ရည်ရွယ်ချက်က ပူးပေါင်းဆောင်ရွက်ဖို့ပါ၊ လက်တလောမှာ PP ပါတီကို တရားဝင်ပါတီဖြစ်အောင်လုပ်ဖို့ပဲ ဦးစားပေးလုပ်နေတာရှိတယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုအဆင့်ပါတီအနေနဲ့မှတ်ပုံတင်မယ်ဆိုပါက ပါတီဝင်ဦးရေ တစ်သိန်းနဲ့ပါတီရန်ပုံငွေ သိန်းတစ်ထောင်မှာ အလှူရှင်တွေ၊ပါတီဝင်တွေ၊ပြည်သူတွေရဲ့အားနဲ့ ယုံကြည်ဖြေရှင်းနိူင်မယ်လို့ ဥက္ကဋ္ဌဦးကိုကိုကြီးကပြောပါတယ်။

“ပါတီဝင်အနေနဲ့ကတော့ ကျနော်ပါတီမှာရှိတဲ့ ပါတီဝင် ဦးရေနဲ့ ဦးစိန်းဝင်းဘက်က ပါတီဝင် ဦးရေတွေရှိတယ်၊ နှစ်ခုပေါင်း နောက်ထပ်ထပ်ဝင်လာတဲ့သူတွေလည်းရှိတယ်ဉ ရန်ပုံငွေကလည်း ကျနော်တို့ကိုယ်ပိုင် မချမ်းသာပေမယ့် ပံ့ပိုးပေးမဲ့သူတွေလည်းရှိတယ်၊ ပြည်သူတွေအနေနဲ့ လှူလို့ရတယ်”လို့ ဦးကိုကိုကြီးကပြောပါတယ်။

လက်တလော အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပြည်သူ့ပါတီမှာ ဘယ်သူတွေ ဘယ်နေရာကတာဝန်ယူဆိုတာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

ပြည်သူ့ပါတီဗဟိုကော်မတီက ဒီကနေ့ ပြုလုပ်တဲ့ ဒုတိယအကြိမ် စုံညီအစည်းအဝေးမှာ ပြည်သူ့ပါတီဟာ အကြမ်းမဖက်နိူင်ငံရေးနည်းလမ်းယုံကြည်တာကြောင့် နိူင်ငံရေးပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပြည်သူတွေက လူအား၊ငွေအား၊အကြံညဏ်အားတွေ ပံ့ပိုးကူညီဖို့ တောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်တဲ့ နိူင်ငံရေးပါတီ ၁၃ ပါတီရှိ
တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်သူ့ပါတီ #ဦးကိုကိုကြီး #ပြည်ထောင်စုအဆင့်ပါတီအနေနဲ့မှတ်ပုံတင်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW