အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတဲ့ စစ်ကိုင်းတိုင်းက မီးဘေးသင့်ပြည်သူတွေ

ဖေဖော်ဝါရီ ၂၈-၂၀၂၃
Voice Of Myanmar (VOM)

နိုင်ငံရေးဖြစ်စဥ် ပြောင်းလဲခဲ့တဲ့ (၂) နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ နေအိမ်ပေါင်း သောင်းနဲ့ချီ မီးရှို့ခံခဲ့ရပြီး ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့အခြေအနေတွေနဲ့ ဘဝရပ်တည်မှုအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

တချို့မိသားစုတွေဆိုရင် အိုးအိမ်ပြန်လည်ထူထောင်ရေးထက် နေ့စဉ်စားဝတ်နေရေးတောင် အဆင်မပြေကြသူတွေလည်း အများအပြားရှိနေပါသလို တချို့ကျေးရွာတွေက မီးဘေးသင့်ပြည်သူတွေဆိုရင် စားဝတ်နေရေးအတွက် ဒေသအတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပေါ်တွေမှာ တောင်းရမ်းစားသောက်နေရသူတွေလည်းရှိနေပါတယ်၊

ဒါကြောင့်လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ကြိုးစားလာကြပြီး လက်ရှိမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ ကန့်သတ်မှုတချို့လည်းရှိနေတာကြောင့် ပြည်ပမှာအလုပ်လုပ်ကိုင်ဖို့ဆိုတဲ့အခွင့်အရေးဟာလည်း လူငယ်တွေအတွက် အိမ်မက်တခုလိုဖြစ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Youtube Link – https://youtu.be/SE1ULm3mFB4

Related posts

✕
VOM News

FREE
VIEW