ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာအနီးမှာ တိုက်ပွဲဖြစ်လို့ ကားတွေ ပိတ်မိနေ

ဖေဖော်ဝါရီ ၂၈-၂၀၂၃
Shy V(VOM)

ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရာလမ်းဖြစ်တဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာနားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်ကတပ်နဲ့ KIAတို့ တိုက်ပွဲဖြစ်လို့ ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

“ကွတ်ခိုင် အထွက် ရှုခင်းသာ ဟုတ်တယ်။ အဲ့ဒီနား ခဏခဏ ဖြစ်တယ်၊ အဲဒီနေရာမှာ ကေအိုင်ကေ ဘက်က ဆက်ကြေး ကောက်လေ့ ကောက်ထ ရှိပြီး တပ်ဘက်ကလည်း မကြာခဏ လာရောက် ရှင်းလင်းတာမျိုး ရှိတယ်။” လို့ ခရီးသွား ပြည်သူ တဦး က ပြောပါတယ်။

နှစ်ဖက် အတက်အဆင်း ကားတွေ သွားလာလို့မရဘဲ စောင့်ဆိုင်းနေရကာ ကားတွေ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသမီး တဦးက “နမ့်တွန်း ချောက်နားမှာ ဟုတ်တယ်။ ကေအိုင်အေနဲ့ စစ်တပ် နဲ့ ဖြစ်တာ၊ အဲ့ဒီလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့အခါမျိုးမှာ ခရီးသွား ယာဉ်တွေ နာရီပိုင်း စောင့်ဆိုင်းရလေ့ ရှိတယ်။” လို့ ပြောပါတယ်။

နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြား မြောက်ပိုင်း ပြည်ထောင်စု လမ်းမ တကြောမှာတော့ စစ်တပ်နဲ့ ကေအိုင်ကေ တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတတ်ပြီး အခုလ ဖေဖော်ဝါရီလလယ်ကလည်း ၄ ရက်ခန့်ကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လေကြောင်း အသုံးပြု တာရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd- ခရီးသွား ပြည်သူ တဦး
#voiceofmyanmar #VOM #ကွတ်ခိုင် #နမ့်ဖတ်ကာ #ထိတွေ့တိုက်ပွဲ #ကားတွေပိတ်မိနေ

Related posts

Leave a Comment

VOM News

FREE
VIEW