အဝေးရောက် ချစ်သူတွေအတွက် အနမ်းပေးစက်တမျိုး တရုတ်ကုမ္ပဏီ ထုတ်လုပ်ရောင်းချနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နည်းပညာကုမ္ပဏီတစ်ခုဟာ အဝေးရောက်ချစ်သူတွေအတွက် တကယ်အထိအတွေ့လိုခံစားရမယ့် အနမ်းပေးစက်ကို ထုတ်လုပ်ရောင်းချနေပြီဲဖြစ်ပါတယ်။

Changzhou Vocational Institute of Mechatronic Technology ကနေ ဖန်တီးလိုက်တဲ့ Remote Kiss လို့အမည်ရတဲ့ အဲဒီအနမ်းပေးစက်ဟာ စမတ်ဖုန်း အက်ပလီကေးရှင်းကနေ ထိန်းချုပ်ထားတဲ့ ပစ္စည်းနဲ့ တကယ်အနမ်းပေးသလို အထိအတွေ့ကို ခံစားရမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီလိုအနမ်းပေးတဲ့ ကိရိယာဟာ အနမ်းရဲ့ဖိအား၊ လှုပ်ရှားမှုနဲ့ အပူချိန်တို့ကိုပါ ပုံတူတုံ့ပြန်နိုင်ဖို့အတွက် ဆီလီကွန် နှုတ်ခမ်းပုံတူတခုကို အသုံးပြုထားတာဖြစ်ပါတယ်။

ကျွန်တော်တက္ကသိုလ်မှာတုန်းက အဝေးကချစ်သူနဲ့တယ်လီဖုန်းကတဆင့်ပဲ ဆက်သွယ်နေခဲ့ရတာဖြစ်ပြီး နီးကပ်တဲ့ဆက်ဆံရေးပုံစံမျိုးဖန်တီးဖို့အတွက် ဒီစိတ်ကူးစိတ်သန်းကို ရရှိခဲ့တာဖြစ်တယ်လို့ အဲဒီစက်တီထွင်ရေးကို ဦးဆောင်သူ ကျန်ရှောင်လီက တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။

Changzhou Vocational Institute of Mechatronic Technology ဟာ ဒီနည်းပညာအတွက် ၂၀၁၉ ခုနှစ်က မူပိုင်ခွင့်ရရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ မူပိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပါတယ်။

အဲဒီလိုမျိုးထုတ်ကုန်အပေါ် အခြားဒီဇိုင်နာတွေက ပိုမိုကောင်းမွန်စွာ ဆက်လက်ဖန်တီးနိုင်ဖို့ မျှော်လင့်ကြောင်း ကျန်ရှောင်လီက ပြောပါတယ်။

Ref: Mirror
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW