မြန်မာနိုင်ငံကနေ Nestleကုမ္ပဏီ ထွက်ခွာတော့မယ်

ဖေဖော်ဝါရီ ၂၈ – ၂၀၂၃
GG(VOM)

ဆွစ်ဇာလန်နိုင်ငံက စားသောက်ကုန်လုပ်ငန်း ကမ္ဘာကျော်ကုမ္ပဏီကြီးဖြစ်တဲ့ Nestle ဟာ မြန်မာပြည်ကနေ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ထွက်ခွာတော့မယ်လို့ ကုမ္ပဏီဘက်တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ အသိပေးလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေတွေကြောင့် ရန်ကုန်က Nestleရုံးချုပ်နဲ့ ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းပြီး မြန်မာပြည်ကနေထွက်ခွာမှာဖြစ်ကြောင်းအသိပေးခဲ့တာဖြစ်ပြီး ထွက်ခွာမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

အခုလို ပြည်ပကုမ္ပဏီကြီးတွေမြန်မာပြည်ကနေထွက်ခွာမှုနဲ့ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက “အခုကမြန်မာပြည်မှာအလုပ်လုပ်ရတာက စီးပွားရေးကို လုပ်နေရတာနဲ့မတူဘူး၊မူဝါဒတွေပြောင်းတာကိုပဲ လိုက်ပြောင်းလုပ်နေရသလိုဖြစ်နေတယ်၊စီးပွားရေးကို တစိုက်မတ်မတ်လုပ်လို့မရဘူး၊မူဝါဒအတည်တကျမရှိတော့ အဆင်မပြေတော့ဘူး။ဒါကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားကြတာ၊နိုင်ငံခြားသားရော ပြည်တွင်းကပါ တိကျတဲ့မူဝါဒတွေကိုပဲ လုပ်ချင်တယ်၊အချိန်တိုင်းပြောင်းလဲနေတာ ဘာတခုမှအဆင်မပြေပါဘူး “လို့သုံးသပ်ပြောဆိုပါတယ်။

မြန်မာပြည်ကနေထွက်ခွာပြီး Nestle ကုမ္ပဏီဟာ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

လက်ရှိ Nestle ကုမ္ပဏီရုံးချုပ်နဲ့စက်ရုံမှာ ဝန်ထမ်းအင်အား ၁၃၀ ကျော်ရှိကာ ဝန်ထမ်းတွေနစ်နာမှုအတွက် တတ်နိုင်သမျှထောက်ပံ့ပေးမယ်လို့ ကုမ္ပဏီဘက်ကပြောဆိုထားတာတွေ့ရပါတယ်။

Nestle ကုမ္ပဏီဟာ မြန်မာနိုငံကို ၂၀၁၅ ခုနှစ်မှာ ဝင်ရောက်လာတာဖြစ်ပြီး Maggi ခေါက်ဆွဲခြောက်ထုတ်၊ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီ၊ Milo ချောကလက် အပါအဝင် စတဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြင်သစ်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Total ၊ အမေရိကန်က Chevron အပြင် နော်ဝေးနိုင်ငံအခြေစိုက်စိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီ၊ဗြိတိန်အခြေစိုက် စီးကရက်ကုမ္ပဏီ British A American Tobacco ၊ပြင်သစ်အခြေစိုက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Voltalia နဲ့ စတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ကနေ ထွက်ခွာသွားတာလည်း ရှိခဲ့ပါတယ်။

ပုံစာ -အရှေ့ဒဂုံရှိ Nestleစက်ရုံ
#voiceofmyanmar #VOM #Nestleကုမ္ပဏီ #မြန်မာနိုင်ငံကထွက်ခွါတော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW