နျူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေ နှစ် ၆၀ ကျော် လည်ပတ်ခွင့်ဥပဒေ ဂျပန်အစိုးရအတည်ပြု

တိုကျို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်အစိုးရဟာ နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကို လက်ရှိကန့်သတ်ချက်ထက် နှစ် ၆၀ ကျော်လည်ပတ်ခွင့်ပြုမယ့် ဥပဒေတွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

လျှပ်စစ်ဓါတ်အားလုပ်ငန်းနဲ့ နျူကလီးယားဓါတ်ပေါင်းဖိုဆိုင်ရာ စည်းမျဉ်းတွေအပါအ၀င် ဥပဒေတွေကို ပြန်လည်ဆင်မှုကို ဂျပန်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကာဗွန်ကင်းစင်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ဖို့ ဂျပန်နိုင်ငံရဲ့အစီအစဉ် တစိတ်တပိုင်းဖြစ်ကြောင်း ဂျပန်အစိုးရကပြောပါတယ်။

ဒါ့အပြင် နေရောင်ခြည်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေ အသုံးပြုမှုကိုမြှင့်တင်ဖို့ စနစ်တွေကိုထူထောင်သွားမယ်လို့ ပြောပါတယ်။

အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ နျူကလီးယားဓါတ်အားပေးစက်ရုံတွေ စစ်ဆေးမှုနှဲ့ စမ်းသပ်မှုခံယူတဲ့ အချိန်မှအပ နှစ်ပေါင်း ၆၀ ထက် ကျော်လွန်လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။

နျူကလီးယားဓါတ်အားပေးစက်ရုံတွေဟာ ၁၀ နှစ်သို့မဟုတ် နှစ် ၃၀ အောက်လည်ပတ်ပြီးပါက စက်ကိရိယာတွေနဲ့ ပစ္စည်းတွေကို စစ်ဆေးခြင်းပြုဖို့ သတ်မှတ်ထားပြီး ဒီအစီအစဉ်တွေကို နျူကလီးယားစည်းမျဉ်းဆိုင်ရာ အာဏာပိုင်တွေရဲ့ အစီအမံအတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW