တိုကျို၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပါတယ်။
အခုလို ဒုံးကျည်ပစ်ခတ်မှုကြောင့် ဒေသတွင်းမှာသင်္ဘောတွေနဲ့ အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျုံဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာကို ဒုံးကျည်ပစ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း သတိပေးပြောဆိုပါထားပါတယ်။
Ref: NHK
#voiceofmyanmar #VOM #တိုကျို