မတ် ၁၁ – ၂၀၂၃
GG (VOM)
နေပြည် တော် ၊လယ်ဝေးမြိုနယ်၊ ဒလန့်ချွန် ရွာအုပ်စု၊ ဒလန့်ချွန် မှာ မနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံး မီးထဲပါသွားတဲ့အပြင် မီးရထားလိုင်းခန်းအတွဲ အချို့လည်း မီးလောင်ခဲ့တယ်လို့သိရပါတယ်။
” ဟုတ်တယ် မနေ့က မနက်စော ၄နာရီခွဲလောက်မှာလောင်တာ အိမ် ၆ အိမ်ပါသွားတယ်။ နောက်ပြီး မီးရထားလိုင်းခန်း ၆ ခန်းတွဲ အုတ်ကြွပ်မိုး ပျဉ်ခင်းပျဉ်ကာ ၁ အတွဲလည်းမီးလောင်ခဲ့တယ်လို့သိရတယ် ” လို့ လယ်ဝေးမြို့ခံတဦးက ပြောပြပါတယ်။
ဒလန့်ချွန်ရွာက နေအိမ်တအိမ်ရဲ့ မီးဖိုချောင် မီးကျွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် နေအိမ် ၅လုံးနဲ့မီးရထားလိုင်းခန်းကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပျဥ်ထောင်ပျဥ်ခင်း ၄ ပင်ပတ်လည် နေအိမ် နဲ့ ပျဥ်ထောင်ပျဥ်ခင်း ၃ ပင်ပတ်လည် နေအိမ်တွေ မီးလောင်းကျွမ်းခဲ့တာဖြစ်ပြီး ၊မီးလောင်မှုကြောင့် လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။
အဲ့ဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲနဲ့ ရွာသားတွေက ပူးပေါင်းငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးကို ၁ နာရီကျော်ခန့် မီးငြီမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၊ညနေပိုင်းကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ရွာမှာ ဖယောင်းတိုင်မီးကတဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂၁ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #လယ်ဝေး #မီးလောင်မှု