မန္တလေးမြို့က ဒေါ်တော မုန့်တီဆိုင် ဓားပြတိုက်ခံရ

မတ် ၁၂-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား အောက်ကမ်းနားလမ်းက ဒေါ်တော မုန့်တီဆိုင်မှာ မနက်အစောပိုင်း ဆိုင်စဖွင့်ချိန် ဓားပြတိုက်ခံရတယ်လို့ မန္တလေးမြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။

” ဖြစ်စဥ်က ဟုတ်ပါတယ် မနက် ၅နာရီနဲ့ ၆နာရီကြားလောက်ပါ၊ သေနတ်ပြပြီး ဆိုင်ရှင် ဝတ်ထားတဲ့ ရွှေတွေ ယူသွားတယ်၊ ကျန်တာတော့ စစ်ဆေးနေပါပြီ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဆိုင်ကယ်တစီးနဲ့ အသက်ကြီးကြီး လူနှစ်ယောက်က သေနတ်ကိုင်ဆောင်ကာ ဆိုင်ရှိ လူတွေကို ခြိမ်းခြောက်ပြောဆိုပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး ၁ ကုံး ၊ ပီခြူး ရွှေလက်‌ကောက် ၁ ခု ၊ ၁ ကျပ်သားရွှေလက်စွပ် ၁ ခု စုစုပေါင်း တန်ဖိုးငွေ ၁၃၇ သိန်းခန့်တို့ကို ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှ်ိမှာတော့ နယ်မြေခံရဲစခန်းနဲ့ ပူးပေါင်းအဖွဲ့တွေက တရားခံ ဖမ်းမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဒေါ်တောမုန့်တီ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW