ယူကရိန်းနိုင်ငံ ဘက်မွတ်မှာ တိုက်ပွဲတွေပြင်းထန်နေ၊ နှစ်ဘက်တပ်ဖွဲ့၀င်တွေ ထိခိုက်သေဆုံးမှု များပြား

ကိယက်ဗ်၊ မတ်၁၃-၂၀၂၃ မျိုးဆက်(VOM) ရုရှားက သိမ်းယူဖို့ကြိုးပမ်းနေတဲ့ ယူကရိန်းနိုင်ငံ ဘက်မွတ်မြို့မှာ ရုရှားနဲ့ယူကရိန်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်တပ်တွေ ထိခိုက်ကျဆုံးမှု များပြားနေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အဲဒီမြို့မှာ ရုရှားတပ်ဖွဲ့၀င် ၁၁၀၀ ကျော်ကျဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့၀င် ၂၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရုရှားဘက်ကလည်း အခိုင်အမာ ထုတ်ပြန်ထားပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဘက်မွတ်မြို့ဟာ မဟာဗျူဟာအလွန်မြောက်တဲ့နေရာမှာမရှိပေမယ့် ရုရှားတပ်တွေရဲ့ စစ်မြေပြင်အောင်ပွဲသတင်းတွေ ရုရှားအစိုးရထံ အစီအရင်ခံနိုင်ရေးမှာ အချက်အခြာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိဒေသလေးခုအနက် တခုဖြစ်တဲ့ ဒွန်တက်စ်ခ်ဒေသတခုလုံးကို ရုရှားတပ်တွေထိန်းချုပ်နိုင်ဖို့ အနည်းငယ်ပိုမိုနီးစပ်လာမှာဖြစ်ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ကိယက်ဗ်

Read More

(၅)နှစ်အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု အမေရိကန်နဲ့ တောင်ကိုရီးယား စတင်နေ ၊ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ပြီး တုံ့ပြန်သတိပေး

ဆိုးလ်၊ မတ်-၁၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ငါးနှစ်အတွင်းအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်မှာ စတင်နေပြီဖြစ်ပြီး မြောက်ကိုရီးယားကတော့ ဒီနေ့မနက်ပိုင်းမှာ ခရုဇ်ဒုံးကျည်တွေကို ရေငုပ်သင်္ဘောပေါ်က ပစ်ခတ်ပြီး တုံ့ပြန်သတိပေးလိုက်ပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ကြေညာခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးပြောဆိုထားပေမယ့် ဒုံးကျည်စမ်းသပ်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာစဉ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်မှစတင်ကာ ၁၀ ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ရန်စမှုတွေကြောင့် ပြောင်းလဲလာတဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အဓိကအာရုံစိုက်သွားမှာဖြစ်ကြောင်း နှစ်နိုင်ငံတာ၀န်ရှိသးတွေက ပြောပါတယ်။ လက်ရှိစစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားရဲ့ အရေးပါသောနေရာ အဆောက်အဦးတွေကို တိကျစွာပုံဖော်လေ့ကျင့်တဲ့ ယခုလအတွင်းကပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတခုမှာလည်း အမေရိကန်အထူးတပ်ဖွဲ့၀င်တွေ ပါ၀င်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချပြောဆိုထားပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက တာတိုပစ်ပဲ့ထ်ိန်းဒုံးကျည်တွေ ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။ Ref: CNA…

Read More

ဘားအံမြို့က ကားကွင်းထဲမှာ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

မတ် ၁၃ -၂၀၂၃ SP( VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ခရီးသည်တင်ကားတွေ စုဝေးရပ်နားရာ ကားကြီးကွင်းထဲမှာ မနေ့ မတ် ၁၂ ရက် ညနေပိုင်းက ကား ၁ စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ကားတွေထွက်ခါနီး ပုံမှန် စစ်ဆေးတာတွေရှိတယ် ၊ အခု ဖမ်းမိတာက သေနတ် ၊ ကျည်ဆံနဲ့ လက်ပစ်ဗုံးတွေကို သေတ္တာနဲ့ထည့်လာတာကို ဖမ်းမိတာဖြစ်တယ် “လို့ ကားသမား တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” သတင်းအရ ဖမ်းဆီးရမိတာဖြစ်တယ် ၊ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ တရုတ်စက်လက် သေနတ် ၁ လက် M-22 သေနတ် ၁…

Read More

ပုဂ္ဂလိကပိုင် လူစီးကားအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ရမယ်

မတ် ၁၃ – ၂၀၂၃ GG(VOM) ပုဂ္ဂလိကပိုင် လူစီးကားအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ကို ပြောင်းလဲတပ်ဆင်ရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးလိုက်ပါတယ်။ ဒါ့ကြောင့် ပုဂ္ဂလိက လူစီးကားအားလုံးအနေနဲ့ နှစ်လဲသက်တမ်းတိုးချိန် ရောက်သည်ဖြစ်စေ၊ မရောက်သေးသည်ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးတွေကို ဆက်သွယ်ပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို အမြန်ဆုံးပြောင်းလဲတပ်ဆင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။ ” အခု ခရီးသည်တင်ယာဥ်လိုင်းတွေ၊ ဌာနဆိုင်ရာတွေနဲ့တခြားကားတွေကို ဖောင်းကြွနံပါတ်ပြားပုံစံအသစ်တွေ တပ်ပေးနေတာက ပြီးသလောက်ဖြစ်တော့မှာမို့လို့ နောက်ထပ်ပုဂ္ဂလိကလူစီးကားတွေကို ဦးစား လုပ်ပေးဖို့ အသိပေးတာဖြစ်တယ်၊ဒီဖောင်းကြွနံပါတ်အသစ်က တရားမဝင်ကားတွေမှာ တပ်ဆင်တာတွေမဖြစ်အောင် တားဆီးနိုင်တယ် “လို့ ကညန မှတာဝန်ရှိသူတဦးကပြောပါတယ်။ လက်ရှိပြောင်းလဲတပ်ဆင်နေတဲ့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ်မှာက သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ပြည်နယ်တွေရဲ့သင်္ကေတအပြင် မြို့နယ်ကိုယ်စားပြုတဲ့ ဂဏန်း ဖော်ပြချက်ပါဝင်ပြီး မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တွေပါရှိတယ်လို့သိရပါတယ်။ ပုဂ္ဂလိပိုင် လူစီးကား အစီးရေကတော့ တနိုင်ငံလုံးဆိုရင် ၆ သိန်းကျော်ရှိတယ်လို့ ကညန ရဲ့စာရင်းတွေအရသိရပါတယ်။ ” အခုက ကုန်ကားတွေ…

Read More

အာရှနွယ်ဖွား မင်းသမီးမီရှဲလ်ယို အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် အော်စကာဆုဆွတ်ခူး

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၃ မျိုးဆက်(VOM) မင်းသမီး မီရှဲလ်ယိုဟာ အမေရိကန်နိုင်ငံ လော့စ်အ်ိန်ဂျယ်လိမြို့မှာကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဒါဟာ အော်စကာဆုပထမဆုံးရရှိခဲ့တဲ့ အာရှနွယ်ဖွား သရုပ်ဆောင်မင်းသမီးအဖြစ် မှတ်တမ်း၀င်သွားပါတယ်။ မီးသမီး မီရှဲယိုဟာ ၉၆ ကြိမ်မြောက်အော်စကာ ဆုပေးပွဲမှာ Everything Everywhere All at Once ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုတော့ The Wale ဇာတ်ကားနဲ့ Brendan Fraser ကရရှိသွားခဲ့ပါတယ်။ မီရှဲလ်ယို ပါ၀င်သရုပ်ဆောင်ထားတဲ့ Everything Everywhere All at Once ဇာတ်ကားဟာ ရသစုံပါ၀င်တဲ့ စိတ်ကူးယဉ် ဒရာမာအက်ရှင်ကားအမျိုးအစားဖြစ်ပြီး အိမ်မက်တွေတကယ်ဖြစ်လာပြီလို့ မင်းသမီးမီရှဲလ်ယိုက ပြောပါတယ်။ မီရှဲလ်ယိုနဲ့အတူ အဲဒီဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Ke Huy Quan နဲ့ Jamie Lee Curtis တို့ဟာ…

Read More

မြစ်ငယ်မြို့မှာ ရွှေထည်ပစ္စည်း သိန်း ၇၀၀နီးပါး ဓားပြတိုက်ခံရမှုဖြစ်ပွား

မတ် ၁၃ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝအုပ်စု၊ဆောက်တောဝမြောက်ရွာက လူနေအိမ်တလုံးမှာ မနေ့ မတ် ၁၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၇၀၀နီးပါး ပါသွားတယ်လို့ ဆောက်တောဝကျေးရွာနေ ဒေသခံတွေဆီက သိရပါတယ်။ ” အသက် ၇၀ ဝန်းကျင်အရွယ် အဘွားဒေါ်လှကြည်ရဲ့အိမ်မှာ ဓားပြတိုက်ခံရတာပါ ၊ နေ့လယ်၁၂ နာရီလောက်က အဘွား ဒေါ်လှကြည် တဦးတည်း နေအိမ်မှာ ရှိနေတဲ့အချိန် ဓားပြ ၄ ယောက်က အိမ်ထဲဝင်လာပြီး အိမ်ရှင် ဒေါ်လှကြည်ကို ဖမ်းဆီး ချုပ်နှောင် ပါးစပ်ကို အဝတ်စို့ပြီး မျက်နှာတခုလုံး အဝတ်စည်းထားတယ် ၊ နောက်ပြီး နေအိမ်ထဲမှာ သိမ်းဆည်းထားတဲ့ ရွှေထည်းပစ္စည်းမျိုးစုံ သိန်း ၆၀၀ ကျော်ဖိုး ယူသွားတာဖြစ်တယ် ”…

Read More

ပုဂံဒေသက ဟိုတယ်တွေမှာ သင်္ကြန်ကာလအတွက် အခန်းကြိုတင်မှာယူထားသူနဲ့ ပြည့်နေ

မတ် ၊ ၁၄ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံ ရှေးဟောင်း ယဥ်ကျေးမှုနယ်မြေမှာရှိတဲ့ ဟိုတယ်တွေဟာ လာမယ့် သင်္ကြန်ကာလအတွက် အခန်းကြိုတင်ငှားထားသူတွေနဲ့ ပြည့်နေပြီဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်မှာ ခရီးသွားဖို့အတွက် ကြိုတင်စာရင်းပေးထားသူ အရေအတွက်က အရမ်းများတယ် ၊ အဲ့ဒါကြောင့် ပုဂံဒေသက ဟိုတယ်တွေနဲ့ ချိတ်ဆက် လုပ်ကိုင်ရတဲ့အခါ ဟိုတယ်ခန်းအများစုက ဘိုကင်ပြည့်နေပြီဖြစ်တယ် ၊ ဟိုတယ်ခန်း မရတဲ့ ခရီးသွားလုပ်ငန်းတချို့ကတော့ ဒေသခံ ဘုန်းကြီးကျောင်းတွေနဲ့ ချိတ်ဆက်နေရတယ်”လို့ မုံရွာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တယောက်က ” ပုဂံဒေသမှာ ဟိုတယ်အလုံးပေါင်း ၁၅၄ လုံးရှိတယ် ၊ပုဂံမှာ လက်ရှိအထိ ဟိုတယ် ၇၄ လုံးကို ကျန်းမာရေးဝန်ကြီးဌာနရဲ့…

Read More

ညောင်လေးပင်မှာ တံတား မိုင်းဖောက်ခွဲခံထားရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

မတ်၊၁၂-၂၀၂၃ MM(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ကောက်မယ်သူကျေးရွာ နဲ့အနီးဝန်းကျင်ကျေးရွာ ၂၀ ကျော်ဆက်သွယ်ထားတဲ့ ချိန်းချောင်းတံတား မိုင်းဖောက်ခွဲခံထားရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ ချိန်းချောင်းတံတားဟာ မတ်လ ၉ ရက်က မိုင်း ထောင်ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး တော်ဝိကျေးရွာ ဘက်ခြမ်းမှာ တံတားရဲ့ ၃၂ ပေခန့်လောက် ပြိုကျပျက်စီးခဲ့တဲ့အတွက် ဒီနေ့ မတ်လ ၁၂ ရက်အထိ မော်တော်ယာဉ်တွေနဲ့ လူတွေပါ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”၉ ရက်နေ့ကတည်းက သွားလာရေး ပြတ်တောက်နေတာ ဒီနေ့အထိပဲ၊ မော်တော်ယာဉ်တွေသွားဖို့မပြောနဲ့ လူတောင်သွားမရဘူး ၊ လမ်းတွေ တံတားတွေတော့ အခုလိုမလုပ်သင့်ဘူးပေါ့ဗျာ ၊ အခုတော့ အကုန် ဒုက္ခရောက်နေပြီ။”လို့ ကားသမား တယောက်ကပြောပါတယ်။ အဲ့ဒီတံတားဟာ တော်ဝိ၊ ချုံအင်း၊ အင်းပုဝါ၊ ရွှေခဲစု၊…

Read More

ဇီးကုန်းမြို့မှာ နေအိမ်အတွင်းဝင်ကာ လုယက်မှုဖြစ်ပွားပြီး အိမ်ရှင် အပါအဝင် လူ ၃ ဦး သေဆုံး

မတ်လ ၁၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်မှာ မနေ့ မတ်လ ၁၁ ရက်နေ့ ၊ မနက်ပိုင်းက လုယက်မှုဖြစ်ပွားပြီး အိမ်စီးကား ၁ စီးပါသွားကာ ကားပိုင်ရှင် အပါအဝင် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” လူ ၃ ဦးကိုသတ်ပြီး အိမ်စီးကားကို လုယက်သွားတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးအုန်းကြိုင် (၅၂) နှစ်၊ ဦးဇော်အောင် (၅၀) နှစ် နဲ့ ဦးထွန်းညွန့် (၃၇) နှစ်တို့ဖြစ်တယ် ၊ သေတဲ့သူတွေက သေနတ်နဲ့ ပစ်ခံထားရတာ “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ လုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင်…

Read More

ရှမ်း/မြောက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၃)လုံး မီးထဲပါသွား

မတ်၊၁၂-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ္မတူမြို့နယ် ပန်ချင်ကျေးရွာ အုပ္စု၊ မိုက်ဟုန်းကျေးရွာမှာ ဒီကနေ့ မတ်လ(၁၂)ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားကာ လူနေအိမ်(၃)လုံးမီးထဲပါသွားတယ်လို့ သိရပါတယ်။ ”မတ်လ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်လောက်က စလောင်တာ၊နေအိမ် မီးဖိုမီးကနေ စတင်လောင်တာပါ၊ အိမ်ချင်းကပ် နေအိမ်တွေကို ကူးစက်လောင်သွားတာ၊ ၃ လုံး မီးထဲပါသွားတယ်၊ မီးကို ဝိုင်းဝန်းငြှိမ်းသတ်ပေမယ့် မမီလိုက်တာ၊ နောက်ထပ်တော့ ဆက်ပြီးကူးစက်တာ မရှိဘူး၊ မီးစတင်လောင်တဲ့အိမ်က မီးလောင်မှုဖြစ်တော့ လူတွေမရှိကြဘူး။ လို့ ရှမ်းပြည်နယ်က လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။ မီးလောင်တဲ့အထဲပါသွားတဲ့ နေအိမ်တွေက သွပ်မိုး ထရံကာ အိမ်တွေဖြစ်ပြီး လူတွေ ထိခိုက်၊ သေဆုံးတာမရှိဘဲ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီ ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ ရှမ်းပြည်နယ် ၊လားရှိုးမြို့မှာ အခု မတ်လ…

Read More
VOM News

FREE
VIEW