(၅)နှစ်အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု အမေရိကန်နဲ့ တောင်ကိုရီးယား စတင်နေ ၊ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ပြီး တုံ့ပြန်သတိပေး

ဆိုးလ်၊ မတ်-၁၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ငါးနှစ်အတွင်းအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်မှာ စတင်နေပြီဖြစ်ပြီး မြောက်ကိုရီးယားကတော့ ဒီနေ့မနက်ပိုင်းမှာ ခရုဇ်ဒုံးကျည်တွေကို ရေငုပ်သင်္ဘောပေါ်က ပစ်ခတ်ပြီး တုံ့ပြန်သတိပေးလိုက်ပါတယ်။

အဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ကြေညာခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးပြောဆိုထားပေမယ့် ဒုံးကျည်စမ်းသပ်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာစဉ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်မှစတင်ကာ ၁၀ ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ရန်စမှုတွေကြောင့် ပြောင်းလဲလာတဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အဓိကအာရုံစိုက်သွားမှာဖြစ်ကြောင်း နှစ်နိုင်ငံတာ၀န်ရှိသးတွေက ပြောပါတယ်။

လက်ရှိစစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားရဲ့ အရေးပါသောနေရာ အဆောက်အဦးတွေကို တိကျစွာပုံဖော်လေ့ကျင့်တဲ့ ယခုလအတွင်းကပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတခုမှာလည်း အမေရိကန်အထူးတပ်ဖွဲ့၀င်တွေ ပါ၀င်ခဲ့ပါတယ်။

ဒါဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချပြောဆိုထားပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက တာတိုပစ်ပဲ့ထ်ိန်းဒုံးကျည်တွေ ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။

Ref: CNA
Photo:AP/ Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW