ယူကရိန်းနိုင်ငံ ဘက်မွတ်မှာ တိုက်ပွဲတွေပြင်းထန်နေ၊ နှစ်ဘက်တပ်ဖွဲ့၀င်တွေ ထိခိုက်သေဆုံးမှု များပြား

ကိယက်ဗ်၊ မတ်၁၃-၂၀၂၃
မျိုးဆက်(VOM)

ရုရှားက သိမ်းယူဖို့ကြိုးပမ်းနေတဲ့ ယူကရိန်းနိုင်ငံ ဘက်မွတ်မြို့မှာ ရုရှားနဲ့ယူကရိန်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်တပ်တွေ ထိခိုက်ကျဆုံးမှု များပြားနေပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အဲဒီမြို့မှာ ရုရှားတပ်ဖွဲ့၀င် ၁၁၀၀ ကျော်ကျဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့၀င် ၂၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရုရှားဘက်ကလည်း အခိုင်အမာ ထုတ်ပြန်ထားပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဘက်မွတ်မြို့ဟာ မဟာဗျူဟာအလွန်မြောက်တဲ့နေရာမှာမရှိပေမယ့် ရုရှားတပ်တွေရဲ့ စစ်မြေပြင်အောင်ပွဲသတင်းတွေ ရုရှားအစိုးရထံ အစီအရင်ခံနိုင်ရေးမှာ အချက်အခြာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိဒေသလေးခုအနက် တခုဖြစ်တဲ့ ဒွန်တက်စ်ခ်ဒေသတခုလုံးကို ရုရှားတပ်တွေထိန်းချုပ်နိုင်ဖို့ အနည်းငယ်ပိုမိုနီးစပ်လာမှာဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW