ဇူလိုင် ၃-၂၀၂၃
GG (VOM)
ရန်ကုန် ၊ရွှေပြည်သာမြိုနယ်က အခြေခံပညာစာသင်ကျောင်းကို ဆန္ဒပြစာသား လာချိတ်ဆွဲတဲ့သူတွေထဲက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၂ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
မနေ့ ဇူလိူင် ၂ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရွှေပြည်သာ ၊ အမှတ်(၁၁)ရပ်ကွက်က အ.လ.က(၉)စာသင် ကျောင်းတံခါးကို ကျောင်းသားထု သွေးနှင့်ရေးသော ၇ – ၇ – ၁၉၆၂ မမေ့ကြနဲ့ ” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ကို လူငယ် ၇ ဦးက လာရောက်ချိတ်ဆွဲစဥ် ၂ ယောက်က ဖမ်းဆီးခံရကာ ၅ ယောက်ကတော့လွတ်မြောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
” မနေ့ကကျောင်းပိတ်တော့ စာသင်ကျောင်းကိုလာကပ်ကြတာထင်ပါတယ်။ကျောင်းရဲ့ အနောက်ဘက်တံခါးမှာ လာကပ်ချိန် ဖမ်းခံလိုက်ရတာ။ကောင်မလေး နဲ့ကောင်လေး ဖမ်းခံရတာ၊ အသက်က ၁၈ နှစ်ပဲရှိသေးတယ်၊ကလေးသာသာတွေပါ”လို့ ရွှေပြည်သာမှာနေထိုင်သူတစ်ဦးကပြောတယ်။
ဖမ်းဆီးခံလိုက်ရသူ ၂ ယောက်ကတော့ ရွှေပြည်သာ မြို့နယ် အမှတ် ၁၂ နဲ့ အမှတ် ၁၈ ရပ်ကွက်နေထိုင်သူတွေဖြစ်တဲ့ မောင်ဖြိုးသော်ထွန်းနဲ့ မအိန္ဒြေဦး ဆိုသူတွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူ ၂ ယောက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်နေပြီး လွတ်မြောက်သွားတဲ့ ၅ ယောက်ကိုလည်း ဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ အရင်လ ဇွန် ၁၉ ရက်နေ့ကလည်း ပန်းသပိတ်မပြုလုပ်တဲ့သူအချို့ အဖမ်းခံခဲ့ရတာရှိသလို ခေါ်ယူစစ်ဆေးခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီ အရင်ကလည်း ရန်ကုန်မှာ ဆန္ဒပြလို့ ဖမ်းခံရတာတွေအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရွှေပြည်သာ