ဒေလီ ၊ ဇူလိုင်-၁၁-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဇူလိုင် ၈ ရက်နောက်ပိုင်း လူ အယောက် ၂၀ သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
လာမယ့် သောကြာနေ့ထိ ဆက်လက်ရွာသွန်းဖွယ်ရှိတဲ့ မိုးကြောင့် ပြည်နယ်အများအပြားမှာ သစ်ပင်တွေပြိုလဲခြင်း၊ နေအိမ်တွေ ရေကြီးရေလျှံခြင်းနဲ့ အဓိကလမ်းမကြီးတွေ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။
ယမုံနာမြစ်ရေဟာ အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေပြီး ဇူလိုင် ၁၁ ရက်မှာတော့ မြို့တော်ဒေလီမှာ ရေကြီးရေလျှံသတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
မြစ်ကမ်းအနီးနေထိုင်တဲ့ ထောင်ပေါင်းများစွာသော ဒေသခံတွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားပြီး ထိခိုက်လွယ်တဲ့ အခြားနေရာမှာ နေသူတွေကိုလည်း လိုအပ်ရင် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် စာသင်ကျောင်းတွေကိုလည်း ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရပါတယ်။
မြို့တော်ဒေလီအတွက် လာမယ့်နှစ်ရက်အတွင်း အခြေအနေကို သတိထားကြရန် ဒေလီ၀န်ကြီးချုပ် Arvind Kejriwal ကပြောကြားထားပြီး ဘယ်လိုအခြေအနေမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့ အသင့်ရှိနေကြောင်း ပြောဆိုသည်။
နိုင်ငံတွင်းမှာ ယခုသီတင်းပတ်ကုန်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက သတိပေးထုတ်ပြန်ထားသည်။
Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ