ကျင်စန်းကျော့ဂိတ်မှာ ပို့ကုန်၊ သွင်းကုန်ကား ထက်ဝက်လျော့ကျ

ဩဂုတ် ၃၊ ၂၀၂၃
Shy V(VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ တရုတ် – မြန်မာ ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကနေ မနေ့ ဩဂုတ် ၂ ရက်က ပို့ကုန်၊ သွင်းကုန်ကား ထက်ဝက်လျော့ကျသွားတယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေ ပြုစုထားတဲ့ စားရင်းတွေအရ သိရပါတယ်။

ပို့ကုန်ကား ၄၈ စီး၊ သွင်းကုန်ကား ၄၃ စီး၊ ပို့ကုန်ကားက ခါလီ ၁၁ စီး၊ ကဏန်းကား ၇ စီး၊ ငါးရှဉ့် ၆ စီး၊ အခြားကုန် ၂၄ စီး ဖြစ်ပါတယ်။

သွင်းကုန်ကား ကတော့ ခြောက်ဘီး ခါလီ ၅ စီး၊ ဆယ့်နှစ်ဘီး ခါလီ ၁ စီး၊ Box ၁ စီး၊ ကုန် ၁၁ စီး၊ ဆီ Boxer ကား ၁ စီး ၊ ကုန်တွဲကား ၂၄ စီး ဖြစ်ပါတယ်။

မနေ့ ဩဂုတ် ၂ ရက်နေ့မှာတော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးဝန်းကျင် တပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ကုန်သွယ်ရေးဇုန် အနီးနားက ကားလမ်းတွေ ပိတ်ဆို့မှုတွေရှိသလို နာရီပိုင်း အသွားအလာ ရပ်ဆိုင်းခဲ့ရပါတယ်။

ဩဂုတ် ၁ ရက်‌နေ့မှာဝောာ့ ပို့ကုန်ကား စုစုပေါင်း ၈၇ စီး ရှိပြီး သွင်းကုန်ကား ၈၃ စီး ရှိခဲ့ကာ မနေ့ကတော့ အရင်ရက်ကထက် ကျင်စန်းကျော့ နယ်စပ် အဝင်အထွက် ထက်ဝက်ခန့် လျော့ကျသွားပါတယ်။

အဓိက ပို့ကုန်တွေကတော့ ငါးရှဉ့်၊ ကဏန်း၊ ကြေးနီ၊ ကြက်သွန်နီ၊ နနွင်းတက်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ပုစွန်ဖွဲ၊ ဝါဂွမ်း၊ ပြောင်းဖူးစေ့တွေဖြစ်ပြီး သွင်းကုန်အနေနဲ့ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ ဒီဇယ်သုံးလျှပ်စစ်ဓာတ်အားပေးစက်၊ စက်သုံးဆီ (ဒီဇယ်၊ဓာတ်ဆီ)၊ ပိုးသတ်ဆေး၊ သံပိုက်၊ သံချောင်းလုံး၊ အလူမီနီယံတံခါးဘောင်၊ SKD စနစ်ဖြင့် တင်သွင်းတဲ့ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဖိနပ်အမျိုးမျိုး၊ စပျစ်သီး၊ ဆောက်လုပ်ရေးသုံးကွန်ကရစ်မှုန့်တွေ ဖြစ်ပါတယ်။

Photo Crd – CJ
#voiceofmyanmar #VOM #ကျင်စန်းကျော့ဂိတ် #ကုန်သွယ်ရေးအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW