မူဆယ်မှာ ကား လုသွားသူတွေကို ပစ်ခတ်ဖမ်းဆီးမှု ၂ဦးသေဆုံး၊ ၂ဦး အရှင်ဖမ်းမိ

စက်တင်ဘာ ၂၃၊ ၂၀၂၃
Shy V +SP (VOM)

တရုတ် – မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ မန့်ဝိန်ရပ်ကွက်ထဲမှာ ဒီကနေ့ မနက်ပိုင်းက အိမ်စီးကား ၁ စီး လုယက်ခံရပြီးနောက် လုယက်ထွက်ပြေးတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးချိန် ၂ ယောက်သေ ၊ ၂ ယောက် အရှင် ဖမ်းမိပြီး ၁ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့က ဓါးမြတိုက်တဲ့ သူ့ကို လိုက်ပစ်တာ။ ဓါးမြတိုက်တဲ့ လူ အသေဖမ်းမိတာလည်း ရှိတယ်၊
အဲ့ဒီအုပ်စုက ခိုးလာတဲ့ကားကို စီးလာချိန် ရဲတွေကလိုက်ပစ်‌တော့ သူတို့လည်းပြန်ပစ်တာ”လို့ ဒေသခံ အမျိုးသမီး ၁ ဦး က ပြောပါတယ်။

ဒေသခံ အမျိုးသား ၁ ဦးက “ဟုတ်တယ်။ ရဲတယောက်က ရှေ့မှာ ပစ်နေချိန် ကားထဲကနေ ရဲ တယောက်က ထွက်လာပြီး နောက်ကနေ ပစ်လိုက်တာ သူ့သူငယ်ချင်းကို လက်မှာ ထိသွားတယ်။ သူခိုးက ၂ ယောက်သေသွားတယ်။ ၂ ယောက် ဖမ်းမိတယ်၊ မန့်ဝိန်း ၂ လမ်းမှာ လိုက်ဖမ်းရင်း မိခဲ့တာ”လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းက ” ဒီဒေသမှာ လုယက်မှု ဓားပြမှုတွေ မကြာခဏ ဖြစ်တယ် ၊ အခုကိစ္စလည်း စစ်ဆေးနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

မူဆယ်မှာ တာဝန်ကျတဲ့ ရဲ ၁ ဦးကလည်း”ဖမ်းခံထားရသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် စိစစ်နေဆဲပဲ၊ အခုမှ စိစစ်နေတုန်း ရှိပါသေးတယ်။” လို့ ပြောပါတယ်။

မူဆယ်မြို့အနီးတစ်ဝိုက်မှာ စက်တင်ဘာ ၁၇ ရက် ကနေ မနေ့ စက်တင်ဘာ ၂၂ ရက် အထိ တိုက်ပွဲတွေ ပြင်းထန်နေချိန် မူဆယ်မြို့ပေါ်နဲ့ အချို့ရပ်ကွက်တွေထဲက တရားမဝင် လောင်းကစားရုံ ရာချီမှာ နေ့စဥ် ညတိုင်း လူစည်းကားနေတယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ငွေလဲရောင်းသူ အမျိုးသမီး ပစ်သတ်ခံရပြီး ပိုက်ဆံလုယူခံရတာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ လောင်းကစားရုံ အကြီး၊အသေး ၃၀၀ ဝန်းကျင်ရှိပြီး KTV တွေမှာတော့ အဓိက K ( Ketamine)၊ Happy Water (ခိုင်ချင်းရွှေ) နဲ့ E (Ecstasy)တွေ ရောင်းချမှု၊ သုံးစွဲမှုရှိနေပြီး နောက်ဆက်တွဲ သေဆုံးမှု၊ လုယက်မှု၊ ဓါးမြမှု၊ လူသတ်မှုအထိ ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် တားဆီးပိတ်ခိုင်းတာမရှိဘဲ အမိန့်ရရုံများကဲ့သို့ ဖွင့်လှစ်နေကြတယ်လို့လည်း ဒေသခံ
တွေပြောပြချက်အရ သိရပါတယ်။

Photo Crd -CJ
#voiceofmyanmar #VOM #မူဆယ် #ကားလုယက်သူ #ပစ်ခတ်ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW