ဂါဇာမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ် ဒုတိယအဆင့် စတင်

 

တဲလ်အဗစ်၊ အောက်တိုဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဟာ ဒုတိယအဆင့်ရောက်ရှိနေပြီး ဟားမတ်စ်တွေနဲ့ စစ်ပွဲဟာ ရှည်လျားပြီး ကြာရှည်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးတပ်မှူးတွေဟာ ဂါဇာကမ်းမြှောင်တခွင်လုံးကို တပ်တွေဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း နေတန်ယာဟုက ရုပ်မြင်သံကြားမိန့်ခွန်းတရပ်မှာ အတည်ပြုပြောဆိုပါတယ်။

ဒေသခံတွေအနေနဲ့ ဂါဇာေတောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့နဲ့ မြောက်ပိုင်းဟာ စစ်မြေပြင်ဖြစ်နေပြီဖြစ်ကြောင်း သတိပေးစာရွက်တွေကို ဂါဇာစီးတီးပေါ် အစ္စရေးက ကြဲချသတိပေးထားပါတယ်။

ဂါဇာဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး ဒေသခံတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်တောက်နေပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း တူရကီသမ္မတက စွပ်စွဲလိုက်ပြီးနောက် တူရကီရှိ သံတမန်တွေကို အစ္စရေးက ပြန်ခေါ်ခဲ့ပါတယ်။

အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော်သေဆုံးပြီး ၂၂၉ ဦး ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၅၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW