မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန် အရေးယူပိတ်ဆို့

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်ဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီလုပ်ငန်းဟာ မြန်မာအာဏာပိုင်တွေကို နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေရှာဖွေပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုအရေးယူပိတ်ဋဆို့မှုဟာ ဒီဇင်ဘာ ၁၅ ရက်ကစတင် သက်ဝင်မှာဖြစ်ပြီး မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းရဲ့ ငွေကြေးအကျိုးအမြတ်စီးဆင်းမှုတွေကို ပိတ်ဆို့သွားမှာဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ မြန်မာစစ်တပ်အတွက် ရုရှားဆီကနေ လက်နက်တွေ တင်သွင်းပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းသုံးခုနဲ့ လူပုဂ္ဂိုလ်ငါးဦးတို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

အရေးယူပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေကတော့ Sky Royal Hero ကုမ္ပဏီ၊ Suntac Technologies ကုမ္ပဏီနဲ့ Suntac International Trading ကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိုလ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာ ညွှန်ချုပ် ဒေါက်တာဆွေဆွေအောင်နဲ့ အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးဇော်မင်း တို့ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုတွေချမှတ်တာကို ကြိုဆိုကြောင်း ၊ ဒီလုပ်ငန်းရဲ့ အကျိုးအမြတ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အသုံးပြုတာတွေရှိတယ်လို့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ် ဂျင်ရစ်ချ်ကပြောပါတယ်။

အလိုအရေးယူပိတ်ဆို့မှုတွေချမှတ်တာနဲ့ပတ်သက်ပြီး ဝါရှင်တန်ရှိ မြန်မာသံရုံးနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

Ref:NHK/Japan Times

 

Related posts

Leave a Comment

VOM News

FREE
VIEW