နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ရဲ့ မနက်ခင်းစျေးမှာ စျေးဝယ်သွားတဲ့ မြန်မာနိုင်ငံ ၄၄ ယောက်ကို ဒီကနေ့ နိုဝင်ဘာ တရက် မနက်ပိုင်းက အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်စပ်ကုန်သည်များဆီက သိရပါတယ်။ ” အခါတိုင်းလည်း မိုးရေးမြို့ဘက်က မနက်စျေး (ဒေသအခေါ် ကသည်းစျေး) ကို မြန်မာတွေ စျေးရောင်း စျေးဝယ်သွားကြတယ် ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ် နှစ်ဂိတ်ရှိတယ် ၊ 1 ဂိတ်နဲ့ 2 ဂိတ် နန်းဖာလုံ ဂိတ် ဖြစ်တယ် ၊…
Read MoreDay: November 1, 2023
၁၀၂၇ စစ်ဆင်ရေးဖြစ်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်တဲ့ ဧရိယာတွေက ဒေသခံတွေပြောတဲ့ မြေပြင်အနေအထား
နိုဝင်ဘာ ၁-၂၀၂၃ Sh V(VOM) စစ်ရေးအခြေအနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအနှံ့အပြားမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ ဖြစ်တဲ့ MNDAA, TNLA, AA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ BPLA, Mandalay PDF တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်တပ်၊ ရဲစခန်း၊ပြည်သူ့စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ငွေလိမ်ဂိုဏ်း တွေကို အဓိကထား ထိုးစစ်ဆင်မယ်ဆိုပြီး တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ ကိုးကန့် ဘက်ကတော့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်တပ်ခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့လက်နက်ချ အလင်းဝင်လာသူ အများအပြားရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ စစ်ပွဲအခြေအနေကို လေ့လာနေတဲ့ ဒေသခံတယောက်ပြောပြတာကတော့ “ စဖြစ်တဲ့နေ့က စစ်တပ်ကုန်းတွေက…
Read Moreဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ နှုတ်ထွက်ရေးဆန္ဒပြပွဲ လူနှစ်ယောက်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ
ဒါကာ၊ နိုဝင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၃၁ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး လူနှစ်ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေအတွင်း မြို့တော်ဒါကာမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ သေဆုံးသူတွေဟာ ပါတီကစီစဉ်ထားတဲ့ သုံးရက်ကြာ ဆန္ဒပြပွဲပထမရက်မှာ ရဲတပ်ဖွဲ့က သေနတ်ဖြစ်ပစ်သတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှ တာဝန်ရှိသူတွေကပြောပါတယ်။ ပဋိပက္ခတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအပါအဝင် လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref:BBC
Read Moreမြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန် အရေးယူပိတ်ဆို့
ဝါရှင်တန်၊ နိုဝင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလုပ်ငန်းဟာ မြန်မာအာဏာပိုင်တွေကို နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေရှာဖွေပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုအရေးယူပိတ်ဋဆို့မှုဟာ ဒီဇင်ဘာ ၁၅ ရက်ကစတင် သက်ဝင်မှာဖြစ်ပြီး မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းရဲ့ ငွေကြေးအကျိုးအမြတ်စီးဆင်းမှုတွေကို ပိတ်ဆို့သွားမှာဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ မြန်မာစစ်တပ်အတွက် ရုရှားဆီကနေ လက်နက်တွေ တင်သွင်းပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းသုံးခုနဲ့ လူပုဂ္ဂိုလ်ငါးဦးတို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ အရေးယူပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေကတော့ Sky Royal Hero ကုမ္ပဏီ၊ Suntac Technologies ကုမ္ပဏီနဲ့ Suntac International Trading ကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိုလ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊…
Read Moreမူဆယ် နယ်စပ် တရုတ်ဘက်ခြမ်း တကြော တရုတ်ဘက်က လုံခြုံရေးတွေ ပိုမို လုပ်လာ
နိုဝင်ဘာ ၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ် တရုတ်ဘက်ခြမ်း တကြော ဒီရက်ပိုင်းမှာ တရုတ်ဘက်က လုံခြုံရေးတွေ ပိုမို လုပ်လာကြောင်းနယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “တရုတ်ကလေ အခြေအနေမဟန်ရင် ပစ်ဖို့လေ။ တရုတ်ဘက်က အရမ်းဒေါသထွက်နေတယ်။ မြန်မာ ဘက်က ကျာဖြန် (ငွေလိမ်) ဂိုဏ်းတွေ ပုန်းခိုနေတော့။ အခြေအနေမဟန်ရင် ဖုန်တလုံးလုံးနဲ့ ချပစ်ဖို့ အစီအစဉ်ရှိတယ်။ တရုတ်ဘက် ကျည်တွေ ကျော်လာတယ် ပြီးတော့ ဒီရက်ပိုင်း တရုတ်ဘက် နယ်စပ်က ကျောင်း နှစ်ကျောင်း၊ သုံးကျောင်း ကျောင်းတောင်တက်လို့ မရတော့ဘူး။ နားထားတယ်။ ကျောင်းတောင် တက်လို့ မရအောင် ပစ်နေကြတယ်။ မလုပ်နဲ့ လည်း ပြောလို့ မရဘူး။ အရင်တုန်းကလည်း လက်နက်ကြီးတွေ ကျော်လာတယ်။”…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၃၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၅၀ ကျပ် ဝယ်ဈေး – ၂၃၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၈၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၈ ကျပ် ဝယ်ဈေး – ၄၃၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေးပြန်ဖွင့်ပြီ
အဖွင့်စျေး (နိုဝင်ဘာ- ၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3273
Read Moreဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေမှာ ဒေသခံ ပြည်သူ ၇၀၀၀ ကျော် တိုက်ပွဲရှောင် ပြေးလွှားနေရ
နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းနဲ့ ရေဦးမြို့နယ်တွေမှာ ဒေသခံ ပြည်သူ ၇၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ည နောက်ပိုင်းကစလို့ အခုထိ ဒီပဲယင်းနဲ့ ရေဦးနယ်ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာတယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကြောင်းအဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကတော့ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ သာစည်၊ ချောင်းနား၊ အင်တိုင်းလေး၊ အင်တန်း၊ တောကျောင်း၊ လျှော်ဖြူ၊ အင်ပင်၊ ဇီးကုန်း၊ မရိုးကုန်း၊ ချောင်းရိုး၊ ကြောင်ပန်းတော၊ အောက်ကလေးနဲ့ အုန်းခြံ…
Read Moreသုံးရက်အတွင်း နောက်ထပ် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော် တပါး ပျံလွန်တော်မူ
အောက်တိုဘာ ၃၁ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျဝတီ (၁) လမ်း၊ ဓမ္မမာမကကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ဝေဠု၀န် သာသနာပိုင် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီး ဘဒန္တပညာဝံသ၊ သက်တော် (၁၀၄) နှစ်၊ဝါတော် (၈၄) ဝါဟာ မနေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ကြီးရဲ့ ကပ္ပိယတယောက်က ပြောပါတယ်။ “ဆရာတော်ကြီးရဲ့ ရောဂါက သွေးဝမ်းသွားတာ။ တခြား ထွေထွေထူးထူးတော့ ရောဂါကမရှိဘူး။ ကျောင်းမှာနေရင်းနဲ့ သွေးဝမ်းသွားတော့ ကျွန်တော်တို့က ခိုင်ရတနာဆေးရုံကို တင်လိုက်တာ။ တင်လိုက်တော့ သွေးမယိုအောင် ဆေးနဲ့ထိန်းထားတာပဲရှိတယ်။ ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အသက်ကလည်းကြီးနေတော့လေ ကြည့်ဖို့က…
Read More