နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းနဲ့ ရေဦးမြို့နယ်တွေမှာ ဒေသခံ ပြည်သူ ၇၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ည နောက်ပိုင်းကစလို့ အခုထိ ဒီပဲယင်းနဲ့ ရေဦးနယ်ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာတယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကြောင်းအဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကတော့ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ သာစည်၊ ချောင်းနား၊ အင်တိုင်းလေး၊ အင်တန်း၊ တောကျောင်း၊ လျှော်ဖြူ၊ အင်ပင်၊ ဇီးကုန်း၊ မရိုးကုန်း၊ ချောင်းရိုး၊ ကြောင်ပန်းတော၊ အောက်ကလေးနဲ့ အုန်းခြံ စတဲ့ကျေးရွာတွေဖြစ်တယ် ၊ အဲ့ဒီရွာတွေက ရွာနဲ့ နီးစပ်ရာ တောထဲ တောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ် ၊ ” လို့ ဒီပဲယင်းနယ်ခံ တယောက်က ပြောပါတယ်။
အဲ့ဒီလို တိုက်ပွဲရှောင် ပြေးလွှားနေရတဲ့ ဒေသခံတယောက်က ” တိုက်ပွဲရှောင်ဖို့ ပြေးရင်း လွှားရင်း အဖမ်းခံရတဲ့သူ ၅၀ ကျော်ရှိတယ် ၊ အဲ့ဒီထဲက သိမ္ဘာရွာက ကိုအောင်နိုင် ၃၅ နှစ် ၊ ဇော်မျိုးအောင် ၃၄ နှစ် ၊ အမည်မသိရသေးတဲ့ လူ နှစ် ယောက် ပေါင်း လေးယောက် သတ်ခံရတယ် ၊၊ အဲ့ဒီ အပြင် ဘုတ္ထန်းရွာက ကိုကြည်ဝင်း သတ်ခံရတယ် ၊ နောက်ပြီး ရှမ်းတောရွာမှာက ကိုငြိမ်းမင်းဦး (ပန်းပုရွာ ၊ ၃၉ နှစ် ၊ ကိုကျန်ထွန်း ၄၃ နှစ် (ကံပြားရွာ) ၊ မင်းတဲကုန်းရွာမှာ ဦးညိုဝင်း ၆၀ နှစ် အသတ်ခံရတယ် ၊ ကျွန်းတောကြီးရွာမှာ အောင်ဇင် ၊ မင်းမင်း ၊ကျော်ထွန်း ၊ ဆန်းဦး ၊ ဝင်းခိုင် ၊ အုန်းတင်ရွာမှာက ၊ နတ်စား ဆိုတဲ့ လူ တဦးသတ်ခံရတယ် ၊ နောက်ပြီး ကံပြားရွာက တရုတ်ကြီး ၊ ဝင်းဟိန်းဦး ၊ အသတ်ခံရတယ် ၊ အဲ့ဒီအပြင် ရှမ်းတောရွာက ဝင်းအောင် (၃၇)နှစ် ၊ မျိုးမြင့်ထွန်း(၃၃)နှစ် ၊ တင်မောင်လင်း(၃၃)နှစ် ၊ ရဲရင့်အောင်(၂၅)နှစ်ဟိန်းညီညီ(၁၅)နှစ် ၊ ငြိမ်းချမ်းဖြိုး(၁၈)နှစ် ၊ အောင်ကို(၃၂)နှစ်မြင့်မြတ်သူ(၁၄)နှစ် ၊ သီဟကျော်(၂၀)နှစ် ၊ ချစ်စမ်းသူ(၁၈)နှစ်စိုင်းကိုဦး(၁၈)နှစ် ၊ မောင်ပို(၃၅)နှစ် သတ်ခံရတယ် ၊ မင်းတဲကုန်းရွာက အောင်ကျော် ၂၉ နှစ် အသတ်ခံရတယ် ဒီရက်ပိုင်းအတွင်း ဖမ်းဆီးသတ်ခံရတဲ့သူ ၂၉ ယောက်ဖြစ်တယ် ၊ ဘယ်အဖွဲ့က သတ်တယ်ဆိုတာ မသိရသေးဘူး ၊ အဲ့ဒီ အပြင် ဆက်သွယ်မရပျောက်ဆုံးနေတဲ့ သူတွေလည်း ရှိတယ်၊ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ အသတ်ခံရတာလား ၊ ဖမ်းဆီးခံရတာလား မသိဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် ရေဦးမြို့နယ် ၊ မစိုးရိမ်ရွာဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရှိတယ်လို့ သိရပါတယ်။
” ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် ၊ ခင်ဦးစတဲ့ မြို့နယ်တွေက စပါးတောဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင် ပြေးလွှားနေရလို့ စပါးမစိုက်နိုင်တာ သုံးနှစ်ရှိပြီ ၊ လူငယ်တွေဆိုရင် နေရပ်စွန့်ခွာပြီး ပြည်တွင်း ပြည်ပအလုပ်တွေ သွားလုပ်တော့တာဖြစ်တယ်၊ တတ်နိုင်သူတွေကထိုင်း ၊ မလေးရှား ၊ ကိုရီယား ဘက်သွားတယ် ၊ ချို့တဲ့သူတွေဆို တရုတ်ဘက်မှာ စိုက်ပျိုးရေး သွားလုပ်ကြတယ် ၊ ရွာတွေမှာက အလုပ်လုပ်ရမယ့်အချိန်မရှိဘူး ၊ တလကိုကို နှစ်ကြိမ်လောက်ပြေးနေရတယ် ” လို့ ရေဦးနယ် ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကစလို့ စစ်ကိုင်းတိုင်းထဲမှာ ဗန်းမောက် ၊ အင်းတော် ၊ ထီးချိုင့် ၊ ကောလင်း ၊ ကျွန်းလှ ၊ ကန့်ဘလူ ၊ တန့်ဆည် ၊ ရေဦး ၊ ခင်ဦး ၊ ရွှေဘို ၊ ဒီပဲယင်း ၊ အရာတော် ၊ ဝက်လက် ၊ မြောင် ၊ မြင်းမူ ၊ ကနီ ၊ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ပုလဲ စတဲ့ မြို့နယ်တွေမှာဒေသခံ ပြည်သူတွေ မကြာခဏ တိုက်ပွဲရှောင် ပြေးလွှားနေရပြီး တချို့ဆို နေရပ်စွန့်ခွာကာ တောတောင်တွေထဲမှာ ပြောင်းရွေ့နေထိုင်ကြတယ်လို့ သိရပါတယ် ။
Institute for Strategy and Policy Myanmar (ISPM) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲရှောင် ပြေးလွှားနေရတဲ့ ပြည်သူပေါင်း ငါးသောင်း ဝန်းကျင်ရှိတယ်လို့ သိရပေမယ့် မြေပြင်မှာ ဒိထက်ပိုများနိုင်ပါတယ်။
ဓာတ်ပုံ ၊ ဒီပဲယင်း ဒေသခံ တဦး
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ဒီပဲယင်း #ရေဦး
Telegram Link: https://t.me/VOMNEWS2023/3272