အိန္ဒိယမှာ ယာဉ်မတော်တဆမှုတွေကြောင့် တနာရီကြာတိုင်း လူ ၁၉ ယောက်သေဆုံး

 

ဒေလီ၊ နိုဝင်ဘာ-၂-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း တသိန်းခြောက်သောင်းကျော် သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အစီးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိပေမယ့် ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။

အစီရင်ခံစာမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ယမန်နှစ်မှာ နိုင်ငံတွင်း တရက်ကို လူပေါင်း ၄၆၂ ဦးသေဆုံးပြီး တနာရီကြာတိုင်း လူ ၁၉ ဦးသေဆုံးကြောင်း အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း လမ်းမတော်တဆမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်းတိုးလာတယ်လို့ အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ ၁၀ယောက်မှာ ခုနှစ်ယောက်ကတော့ လမ်းပေါ်မှာ အရှိန်လွန်မောင်းနှင်မှုတွေကြောင့် မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယာဉ်တွေကို မဆင်မခြင်မောင်းတာတွေနဲ့ ညံ့ဖျင်းတဲ့လမ်းတွေကြောင့် အိန္ဒိယနိုင်ငံမှာ လမ်းမတော်တဆမှုတွ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref:BBC

Photo:Outlook India

Related posts

Leave a Comment

VOM News

FREE
VIEW