Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: November 2, 2023
ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းကျော် ရောက်ရှိ
နိုဝင်ဘာ ၂ – ၂၀၂၃ SN (VOM) ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းကစလို့ ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၃၅ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ အခုလို ပြည်တွင်းရွှေဈေး အတက်ဘက်သို့ ရောက်ရှိလာခြင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်တပ်ပိတ်ဆို့ အရေးယူမှုနဲ့လည်း သက်ဆိုင်နေပြီး အဲ့ဒီ့လို အရေးယူမှုကြောင့် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့တော့ ရွှေဈေးက သုံးဆယ့်ငါးသိန်းတသောင်းလောက်အထိ နည်းနည်းတက်သွားတယ်။ ကမ္ဘာ့ရွှေဈေး နည်းနည်းတက်တာရယ်၊ ဒေါ်လာဈေးတက်တာရယ်၊ ဒီနှစ်ခုကြောင့် ပြည်တွင်းရွှေဈေး လိုက်တက်လာတာပေါ့။ ဒေါ်လာဈေးတက်တာက အမေရိကန်ရဲ့ ဆန်ရှင်ထိတာနဲ့လည်းဆိုင်မယ်။ အဲ့ဒါကြောင့် ရွှေဈေးပါ လိုက်တက်သွားတာ။ ပြည်တွင်းရွှေဈေးကတော့…
Read Moreတရားမဝင်ဒုက္ခသည်တွေကို စတင်နှင်ထုတ်မှုကြောင့် အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် ပါကစ္စတန်ကို စွန့်ခွာ
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ် စတင်နေပြီး အထောက်အထားမဲ့ ဒုက္ခသည်များကို နိုဝင်ဘာ ၂ ရက်ကစပြီး ထိန်းသိမ်းရေးစခန်းတွေကို စတင်လွှဲပြောင်းပေးနေပါတယ်။ အာဖဂန်မှာ တာလီဘန်တို့ အာဏာပြန်လည်ရရှိပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် အာဖဂန်ပြည်သူအများအပြားဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ မြို့တော်အစ္စလာမ္မာဘတ်ရှိ အာဖဂန်ဒုက္ခသည်တွေ နေထိုင်ရာနေရာအချို့ကို ပါကစ္စတန်အာဏာပိုင်တွေက ဖြိုချမှုတွေပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေအနေနဲ့ တရားမဝင်နေထိုင်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ ု အာဏာပိုင်တွေကပြောပါတယ်။ အာဖဂန်ဒုက္ခသည်အများအပြားဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် နေရပ်ပြန်နေကြပြီး ကုန်တင်ကားတွေနဲ့အတူ နယ်စပ်လမ်းကြောင်းတလျှောက်မှာ တန်းစီနေကြပါတယ်။ လက်ရှိချိန်ထိ အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောပါတယ်။ ပါကစ္စတန်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အာဖဂန်နိုင်ငံသားတွေ ပါဝင်နေတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ပါကစ္စတန်မှာ အထောက်အထားမဲ့…
Read Moreနျူကလီးယားလက်နက် ထိန်းချုပ်ရေး တရုတ်နဲ့အမေရိကန် ဆွေးနွေးမယ်
ဝါရှင်တန်၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့ဟာ လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြမှာဖြစ်ပြီး ဒါဟာ သမ္မတအိုဘားမားလက်ထက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝေါလ်စရိဂျာနယ်က ရေးသားဖော်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မကြာသေးမီက ဝါရှင်တန်ကိုသွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အပြင် ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကို သီးခြားဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲကို လာမယ့် တနင်္လာနေ့ နိုဝင်ဘာ ၆ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အရေိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ မယ်လိုရီစတိဝပ်နဲ့ တရုတ်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာနအကြီးအကဲဆန်ရှီအိုဘိုတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် အချိန်အသေးစိတ်နဲ့ ဆွေးနွေးမယ့်အခြေအနေတို့ကို ရိုက်တာရဲ့ မေးမြန်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝါရှင်တန်ရှိ တရုတ်သံရုံးတို့က မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှုတွေအပေါ် အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး မဟာဗျူဟာတည်ငြိမ်ရေးဆိုင်ရာ ရှေ့ဆက်ဆွေးနွေးမှုတွေကို စတင်ဖို့…
Read Moreအိန္ဒိယမှာ ယာဉ်မတော်တဆမှုတွေကြောင့် တနာရီကြာတိုင်း လူ ၁၉ ယောက်သေဆုံး
ဒေလီ၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း တသိန်းခြောက်သောင်းကျော် သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အစီးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိပေမယ့် ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ အစီရင်ခံစာမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ယမန်နှစ်မှာ နိုင်ငံတွင်း တရက်ကို လူပေါင်း ၄၆၂ ဦးသေဆုံးပြီး တနာရီကြာတိုင်း လူ ၁၉ ဦးသေဆုံးကြောင်း အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း လမ်းမတော်တဆမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်းတိုးလာတယ်လို့ အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၁၀ယောက်မှာ ခုနှစ်ယောက်ကတော့ လမ်းပေါ်မှာ အရှိန်လွန်မောင်းနှင်မှုတွေကြောင့် မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…
Read Moreကုန်ကြမ်းပစ္စည်း ဈေးတက်မှုနဲ့ ပြတ်လပ်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှု ဖြစ်နေ
နိုဝင်ဘာ ၂ – ၂၀၂၃ SN (VOM) ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု လျော့နည်းနေတဲ့အတွက် လက်ရှိမှာ ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ဝယ်ယူလို့မရတဲ့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးမြောက်ချိန် ကြန့်ကြာနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ လက်ရှိမှာ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမယ့် ဆောက်လုပ်နိုင်တဲ့ ပမာဏကတော့ အရင်ကထက် လျော့နည်းနေဆဲဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အခက်အခဲကြောင့် ပြီးစီးမယ့်အချိန်ဟာလည်း သတ်မှတ်ချိန်ထက် ပိုမို ကြာမြင့်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေက ငွေကြေးဖောင်းမှုအပေါ် လိုက်ပြီး ဈေးတက်လာတာ။ အခုက အဆောက်အအုံ တလုံးဆောက်ဖို့ နှစ်နှစ်လောက်နဲ့ ပြီးချင်မှ ပြီးတယ်။ ဆိုင်မှာ ကိုယ်လိုချင်တဲ့ ပစ္စည်း size…
Read MoreThis Day in History
Voice of Myanmar ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော ဂျင်မီကာတာသည် အမေရိကန်၏ ၃၉ ဦးမြောက် သမ္မတအဖြစ် ၁၉၇၆ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ရွေးချယ်ခံခဲ့ရသည်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၆၀ ကျပ် ဝယ်ဈေး – ၃၂၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၆၀ ကျပ် ဝယ်ဈေး – ၂၃၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၈၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၀ ကျပ် ဝယ်ဈေး – ၄၄၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreခေတ်ဟောင်း မန္တလေး စကားဝိုင်း
ဆူးငှက် ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သောအာင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်ကကျွန်တော့အိမ်ကလေး၏မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး၊ ဟို .အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ပိတ်စွယ်ရိုင်းတာကြီးဖြစ်သည်။ ယခု ၂၆ ဘီလမ်းမကြီးကမြေသားလမ်းပေါ် ကျောက်ကြမ်းတွေခင်းပြီးကာစ၊ မချောမွေ့သေး ညတိုင်ရောက်လျှင်ခြောက်ဗို့ဘက်ထရီ မီးလုံးလေး၏ အလင်းရောင်မှိန်မှိန်အောက်၌ ရေဒီယိုလေးတစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်ပင်တွေကြား တိုင်ဦးတမ်းကစားနေကြသောပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။ ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ယာတောကြီးပေါ်ကနေ ဝါတွင်း ကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက်ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။ မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စ နေရောင်ခြည်ကို အစောဆုံးထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင်…
Read More