သူတို့အိမ် အခန်း (၉၂)

ဆူးငှက် ညွန့်ညွန့်စိန်၏ မင်္ဂလာသတင်း ———————————— ၁၀တန်းအောင်သောကြောင့် မမခင်ရီဝယ်ပေးသည့် ရေဒီယိုလေးကို ကျွန်တော် စွဲလမ်းနေပါပြီ။ ကျွန်တော်က ဘာအစီအစဉ် ဘာကဏ္ဍကို စွဲလမ်းသည်ဟု သတ်သတ်မှတ်မှတ် မပြောနိုင်သော်လည်း နေ့လယ်နေ့ခင်းပိုင်း ရေဒီယိုကလာသည့် သီချင်းကို ကြားရလျှင် ဘာမှန်းမသိ အလွမ်းရသတခုလိုခံစားနေရသည်။ သည်အလွမ်းက ဆို့နစ်သော အလွမ်းမဟုတ်၊ ချိုမြသော အလွမ်းဟုပြောရမည်။ ထိုအလွမ်းနှင့် ကြည်နူးနှစ်သက်မှုက ထပ်တူထပ်မျှ ဖြစ်နေ၏။ နေ့ခင်းပိုင်း တိတ်ဆိတ်ငြိမ်သက်နေချိန် ရေဒီယိုလေးက ခင်သစ်လွင်ရဲ့ ပန်းရည်ဘဏ်တိုက် ဖြစ်စေ၊ ညွန့်ညွန့်စိန်ရဲ့ မင်္ဂလာသတင်း ဖြစ်စေ၊ ချိုမာလေး ရဲ့ မိုးယံမှသည် ချစ်သူဆီသို့ ဖြစ်စေ၊ ကိုတင်အောင်လေး ရဲ့ ချယ်ရီဘုရင်မလေး ဖြစ်စေကြားလိုက်ရလျှင် အတော်လူဖြစ်ကျိုးနပ်လှချည့်ဟု မျက်ရည်ဝေ့ကာ ကြည်နူးရသည်။ ထို့ပြင် ရီရီသန့်၏ ဇေယျာကမ်းအလှပန်းချီကို ရေဒီယိုက ကြားရလျှင်မူ စောစောက သီချင်းတွေလို တမြေ့မြေ့ မဟုတ်ဘဲ…

Read More
VOM News

FREE
VIEW