ဂျကာတာ၊ ဒီဇင်ဘာ-၁၅-၂၀၂၃
မျိုးဆက်(VOM)
အင်ဒိုနီးရှားမှာမိုးခေါင်ရေရှားပြီး စပါးအထွက်နှုန်းကို ထိခိုက်နေတာကြောင့် လယ်သမားတွေကို စပါးစိုက်ပျိုးရာမှာ ကူညီဖို့ အင်ဒိုနီးရှားသမ္မတက စစ်တပ်ကို အမိန့်ထုတ်လိုက်ပါတယ်။
မကြာသေးမီက မိုးရွာသွန်းတာတွေကို အခွင့်ကောင်းယူပြီး လယ်သမားတွေ စပါးစိုက်ပျိုးမှုကို ကူညီပေးဖို့ စစ်တပ်တာဝန်ရှိသူတွေ ကို သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကာလရှည်ကြာ မိုးခေါင်မှုတွေကြောင့် အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အဓိကကောက်ပဲသီးနှံတွေ အထွက်နှုန်းလျော့ကျနေပြီး သွင်းကုန်တွေမြင့်တက်လာကာ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျှက်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ယမန်နှစ်က စပါးအထွက်နှုန်း တန်ချိန် ၃၁ ဒသမ ၅၃ သန်းရှိရာခဲ့ပြီး ယခုနှစ်မှာတော့ တန်ချိန် ၃၀ ဒသမ ၉ သန်းသာ ထွက်ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အယ်လ်နီညိုရာသီဥတုဟာ ယေဘုယျအားဖြင့် အရှေ့တောင်အာရှဒေသမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး ကောက်ပဲသီးနှံ အဓိက ထုတ်လုပ်တဲ့နိုင်ငံတွေမှာ အထွက်နှုန်း သိသိသာသာ လျော့ကျမှုတွေ ဖြစ်ပေါ်နေပါတယ်။
Ref:BBC
Photo:Reuters