ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံနေတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေအပါအဝင် ခုနှစ်ယောက်ကို ဖမ်းဆီး

  ဘာလင်၊ ဒီဇင်ဘာ-၁၅ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဝင် လေးယောက်နဲ့ ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံစည်နေသူ ခုနှစ်ယောက်ကို ဒိန်းမတ် ၊ ဂျာမနီနဲ့ နယ်သာလန်တို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သုံးနိုင်ငံက အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဂျာမနီရှိ ဂျူးနေရာတွေကို တိုက်ခိုက်ရန်ကြံစည်နေတဲ့ ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်နေသူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူတွေဟာ တိုက်ခိုက်ရာမှာ အသုံးပြုနိုင်ခြေရှိတဲ့ လက်နက်တွေကို ဘာလင်မှာ သိုလှောင်သိမ်းဆည်းဖို့ ရည်ရွယ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းမိသူတွေထဲက သုံးဦးဟာ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်ပြီး ကျန်တယောက်ကတော့ နယ်သာလန်နိုင်ငံသားဖြစ်ပါတယ်။ အတောအတွင်းဒိန်းမတ်မှာလည်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံရသူ သုံးယောက်ကိုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒိန်းမတ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Reuters  

Read More

ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မှ ယူကရိန်းငြိမ်းချမ်းရေးရမယ်လို့ ပူတင်ပြော

  မော်စကို၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆိုတာ ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မြောက်မှာသာ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အဝကျူးကျော်တိုက်ခိုက်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ကို ဆက်တိုက်မယ်ဆိုတဲ့ သဘောဖြစ်ကြောင်း အကဲခတ်တွေကဆိုပါတယ်။ လက်ရှိမှာတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုးတက်ဖြစ်ထွန်းတဲ့ အခြေအနေကောင်းတွေရှိတယ်လို့ ပူတင်က ဆိုပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်မှ ယူကရိန်းမှာ ငြိမ်းချမ်းရေးရမှာဖြစ်ပြီး ဒီရည်ရွယ်ချက် မပြောင်းလဲဘူးလို့လည်း သူကပြောပါတယ်။ ယူကရိန်းစစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားစုစုပေါင်း ၆၁၇၀၀၀ ရှိပြီး ယူကရိန်းအတွက် မဟာမိတ်တွေဆီက အထောက်အပံ့တွေ ကုန်ဆုံးသွားပြီလို့ ပူတင်ကဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာမှာတော့ စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်းစစ်မြေပြင်က ရုရှားစစ်သာူး ၃၁၅၀၀၀ ဟာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။…

Read More

အင်ဒိုနီးရှား စစ်သားတွေ လယ်သမားတွေ စပါးစိုက်တာကူညီဖို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို အမိန့်ထုတ်

  ဂျကာတာ၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားမှာမိုးခေါင်ရေရှားပြီး စပါးအထွက်နှုန်းကို ထိခိုက်နေတာကြောင့် လယ်သမားတွေကို စပါးစိုက်ပျိုးရာမှာ ကူညီဖို့ အင်ဒိုနီးရှားသမ္မတက စစ်တပ်ကို အမိန့်ထုတ်လိုက်ပါတယ်။ မကြာသေးမီက မိုးရွာသွန်းတာတွေကို အခွင့်ကောင်းယူပြီး လယ်သမားတွေ စပါးစိုက်ပျိုးမှုကို ကူညီပေးဖို့ စစ်တပ်တာဝန်ရှိသူတွေ ကို သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကာလရှည်ကြာ မိုးခေါင်မှုတွေကြောင့် အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အဓိကကောက်ပဲသီးနှံတွေ အထွက်နှုန်းလျော့ကျနေပြီး သွင်းကုန်တွေမြင့်တက်လာကာ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျှက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ယမန်နှစ်က စပါးအထွက်နှုန်း တန်ချိန် ၃၁ ဒသမ ၅၃ သန်းရှိရာခဲ့ပြီး ယခုနှစ်မှာတော့ တန်ချိန် ၃၀ ဒသမ ၉ သန်းသာ ထွက်ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အယ်လ်နီညိုရာသီဥတုဟာ ယေဘုယျအားဖြင့် အရှေ့တောင်အာရှဒေသမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး ကောက်ပဲသီးနှံ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၇ ကျပ် ဝယ်ဈေး – ၂၅၅၇ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၁၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၂ ကျပ် ဝယ်ဈေး – ၄၇၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြောင်း တရုတ်ပြော

  ပေကျင်း၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့ကတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ နှစ်ဘက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ကိုလည်း သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲတဲ့ကာလကို ဘယ်လောက်ကြာမလဲဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာက အသေးစိတ်ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ တရုတ်ရဲ့ ကြားဝင်မှုအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ကတော့ မြန်မာစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဟာ အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။ Ref:NHK Photo:AP  

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် အီရတ်၌ပြုလုပ်နေသော စစ်ဆင်ရေးများ ပြီးဆုံးကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာလိုက်ပြီးနောက် ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အီရတ်စစ်ပွဲ တရားဝင်အဆုံးသတ်ခဲ့လေသည်။  

Read More

ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံမယ့် အစီအစဥ် လုပ်သားတွေဘက်က အခက်အခဲရှိနေ

  ဒီဇင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေအပေါ် အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံဖို့ညွန်ကြားတဲ့အပေါ် အခွန်ထမ်းဆောင်ဖို့အခက်အခဲတွေရှိနေတယ်လို့ ထိုင်းရောက်လုပ်သားတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေသတ်မှတ်ချက်တွေကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး (ဗန်ကောက်) က မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စတဲ့ Blue Collar တွေရဲ့ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ် ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ “ ပြည်ပနိုင်ငံတွေမှာ…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၇၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၇၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၇၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၇၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW