ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံနေတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေအပါအဝင် ခုနှစ်ယောက်ကို ဖမ်းဆီး

 

ဘာလင်၊ ဒီဇင်ဘာ-၁၅

မျိုးဆက်(VOM)

ဟားမတ်စ်အဖွဲ့ဝင် လေးယောက်နဲ့ ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံစည်နေသူ ခုနှစ်ယောက်ကို ဒိန်းမတ် ၊ ဂျာမနီနဲ့ နယ်သာလန်တို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သုံးနိုင်ငံက အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဂျာမနီရှိ ဂျူးနေရာတွေကို တိုက်ခိုက်ရန်ကြံစည်နေတဲ့ ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်နေသူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။

သံသယရှိသူတွေဟာ တိုက်ခိုက်ရာမှာ အသုံးပြုနိုင်ခြေရှိတဲ့ လက်နက်တွေကို ဘာလင်မှာ သိုလှောင်သိမ်းဆည်းဖို့ ရည်ရွယ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းမိသူတွေထဲက သုံးဦးဟာ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်ပြီး ကျန်တယောက်ကတော့ နယ်သာလန်နိုင်ငံသားဖြစ်ပါတယ်။

အတောအတွင်းဒိန်းမတ်မှာလည်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံရသူ သုံးယောက်ကိုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒိန်းမတ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW