ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုသမား ၁၅ ယောက်ကို ထိုင်းစစ်တပ် ပစ်သတ်

 

ဘန်ကောက်၊ ဒီဇင်ဘာ-၁၈-၂၀၂၃

မျိုးဆက်(VOM)

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသမား ၁၅ ယောက်ဟာ ထိုင်းစစ်သားတွေနဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဗဟိုချက်ဖြစ်နေတဲ့ ထိုင်း၊ မြန်မာနဲ့ လာအို နယ်စပ်ချင်းထိစပ်ရာ ရွှေတြိဂံအနီး ချင်းရိုင်ရှိ မယ်ဖာလုံခရိုင်မှာ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာတော့ မက်သာဖက်တမင်းဆေးပြား နှစ်သန်းကျော်ပါဝင်တဲ့ အိတ် ၁၇ အိတ်ကို ရဲတွေက တွေ့ရှိကြောင်း တာဝန်ရှိသူတွေက အေအက်ဖ်ပီကို ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ လှည့်ကင်းတွေနဲ့ မူးယစ်မှောင်ခိုသမားတွေအကြား မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

စက်တင်ဘာလအတွင်းက အခုလိုဖြစ်စဉ်အတွင်း မူးယစ်မှောင်ခိုသမားတယောက်နဲ့ ရဲတယောက်သေဆုံးခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း ချင်းရိုင်မှာ နယ်စပ်ကို ခြေလျင်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ မူးယစ်မှောင်ခို သံသယရှိသူ ၁၅ ယောက်ဟာ ထိုင်းစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

Ref:CNA

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW