Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: December 19, 2023
ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား အတည်ပြု
ပြုံးယမ်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နေ့က ဟွာဆောင်-၁၈ လောငျစာခဲသုံံး တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစား ကို စမ်းသပ်ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအန်နဲ့ သမီးဖြစ်သူတို့ ကြည့်ရှုခဲ့ပြီး မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်က မှားယွင်းစွာချခဲ့မယ်ဆိုရင် ရွေးချယ်မှုမှန်သမျှကို ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာ ပြသတာဖြစ်ကြောင်း ကင်ဂျုံအန်က သတိပေး ပြောဆိုပါတယ်။ ဒုံးကျည်ဟာ ၇၃ မိနစ်ကြာ ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းရှိ ပစ်မှတ်တစ်ခုကို တိကျစွာ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဟွာဆောင်-၁၈ ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံး လောင်စာခဲသုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ယခုနှစ်ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးနည်းပညာကို အသုံးပြုခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်ခတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း…
Read Moreပင်လယ်နီမှာ ဟူသီတို့တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အမေရိကန်အပါအဝင် ၁၀ နိုင်ငံ ညွှန့်ပေါင်းဖွဲ့
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကို တုံ့ပြန်ဖို့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်က ကြေညာလိုက်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ရဲ့ အခြေခံမူဝါဒကို ထိန်းသိမ်းဖို့နဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်သွားမှာလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ ၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့မှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊နော်ေ၀ ၊ ဆေရှဲ နဲ့ စပိန်တို့ပါဝင်တယ်လို့ အော်စတင်ကပြောပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်က ဟူသီသူပုန်အဖွဲ့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံမှုအဖြစ် ပင်လယ်နီကို ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောနဲ့ အခြားသင်္ဘောတွေကို အရှိန်မြှင့်တိုက်ခိုက်နေပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၁၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၆.၆၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreတရုတ်မှာ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံး
ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၁၁ ယောက်သေဆုံးပြီး ၂၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြေငလျင်ဟာ ဂန်ဆုပြည်နယ်မှာ ညသန်းခေါင်းယံလှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်တွင်းနဲ့ အိမ်နီးချင်း ချင်ဟိုင်ပြည်နယ်မှာ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။ ဂန်ဆုပြည်နယ်မှာ လူ ၁၀၀ သေဆုံးပြီး ၉၆ ယောက်ဒဏ်ရာရခဲ့ကာ ချင်းဟိုင်ပြည်နယ်မှာတော့ ၁၁ ယောက်သေပြီး ၁၂၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြေငလျင်ရဲ့ ပြင်းအားဟာ ၅ ဒသမ ၉ အဆင့်ရှိပြီး အနက် ခြောက်ပိုင်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကစပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဒေသအချို့မှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပေးဝေမှုတွေ ပြတ်တောက်ခဲ့ရပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်မှာလည်း စက်တင်ဘာလအတွင်းက အင်အား…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
ဒီဇင်ဘာ ၁၉ – ၂၀၂၃ SN (VOM) ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ တပတ်တာ ကာလအတွင်းမှာလည်း အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ပထမပတ်ကထက် အနည်းငယ်ကျလာပေမယ့် အမြင့်ဈေးမှာပဲ ဆက်ရှိနေသလို ဈေးကွက်အတွင်း ဆီဝယ်ယူရခက်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ကြောင့် အမေရိကန် ဒေါ်လာဈေးဟာ ၃၅၀၀ ကျော်ဝန်းကျင် ဈေးတန်းကနေ ပြန်ဆင်းမလာသေးသလို တခြားသော ငွေလဲနှုန်းတွေလည်း အတက်အကျမငြိမ် ဖြစ်နေပါတယ်။ ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းက ပြင်ပရွှေဈေးအပြင် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်နေတဲ့ ရွှေဈေးနှုန်းတွေပါ အပြင်ဈေးတန်းနီးပါး လိုက်ပါ မြင့်တက်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်…
Read Moreလားရှိုး နည်းပညာ တက္ကသိုလ် ယာယီ ပိတ်ထားရ
ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ပြင်မှာ ဖွင့်လှစ်ထားတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းကို လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အတွက်ဆိုပြီး မနေ့ ဒီဇင်ဘာ ၁၈ ရက်စပြီး ယာယီကျောင်း ပိတ်လိုက်တယ်လို့ ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” လားရှိုး နည်းပညာ တက္ကသိုလ်က မြို့ပြင်မှာ ရှိတယ် ၊ အဲ့ဒီ တက္ကသိုလ်ရဲ့ နောက်မှာ တောတွေ ၊ တောင် တန်း တွေရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီ ကျောင်းနားဝန်ကျင်ဘက်ကနေ လာရောက်နိုင်တာကြောင့် လုံခြုံရေးအရ ကျောင်းကို ပိတ်လိုက်တာ ဖြစ်မယ် “လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။ အဲ့ဒီ နည်းပညာ တက္ကသိုလ် ပညာရေး…
Read Moreထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုသမား ၁၅ ယောက်ကို ထိုင်းစစ်တပ် ပစ်သတ်
ဘန်ကောက်၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသမား ၁၅ ယောက်ဟာ ထိုင်းစစ်သားတွေနဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဗဟိုချက်ဖြစ်နေတဲ့ ထိုင်း၊ မြန်မာနဲ့ လာအို နယ်စပ်ချင်းထိစပ်ရာ ရွှေတြိဂံအနီး ချင်းရိုင်ရှိ မယ်ဖာလုံခရိုင်မှာ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာတော့ မက်သာဖက်တမင်းဆေးပြား နှစ်သန်းကျော်ပါဝင်တဲ့ အိတ် ၁၇ အိတ်ကို ရဲတွေက တွေ့ရှိကြောင်း တာဝန်ရှိသူတွေက အေအက်ဖ်ပီကို ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ လှည့်ကင်းတွေနဲ့ မူးယစ်မှောင်ခိုသမားတွေအကြား မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ စက်တင်ဘာလအတွင်းက အခုလိုဖြစ်စဉ်အတွင်း မူးယစ်မှောင်ခိုသမားတယောက်နဲ့ ရဲတယောက်သေဆုံးခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း ချင်းရိုင်မှာ…
Read More