တရုတ်မှာ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံး

 

ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃

မျိုးဆက်(VOM)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၁၁ ယောက်သေဆုံးပြီး ၂၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

မြေငလျင်ဟာ ဂန်ဆုပြည်နယ်မှာ ညသန်းခေါင်းယံလှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်တွင်းနဲ့ အိမ်နီးချင်း ချင်ဟိုင်ပြည်နယ်မှာ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

ဂန်ဆုပြည်နယ်မှာ လူ ၁၀၀ သေဆုံးပြီး ၉၆ ယောက်ဒဏ်ရာရခဲ့ကာ ချင်းဟိုင်ပြည်နယ်မှာတော့ ၁၁ ယောက်သေပြီး ၁၂၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေငလျင်ရဲ့ ပြင်းအားဟာ ၅ ဒသမ ၉ အဆင့်ရှိပြီး အနက် ခြောက်ပိုင်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကစပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။

ငလျင်ကြောင့် ဒေသအချို့မှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပေးဝေမှုတွေ ပြတ်တောက်ခဲ့ရပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်မှာလည်း စက်တင်ဘာလအတွင်းက အင်အား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၆၀ ကျော်သေဆုံခဲ့ပါတယ်။

Ref:BBC

Photo:CCTV

 

Related posts

✕
VOM News

FREE
VIEW