ဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာတောင်ပိုင်းကိုပါ ထိုးစစ်အရှိန်မြှင့်မယ်လို့ အစ္စရေးစစ်တပ်ပြော

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးတပ်တွေဟာ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာကမ်းမြှောင်တောင်ပိုင်းကိုပါ ထိုးစစ်ဆင်မှုအရှိန်မြှင့်တင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ပြောပါတယ်။

ကနဦး ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးတွေမှာတော့ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တပ်ရင်းတွေကို ဖြည်းဖြည်းချင်း ဖြိုခွင်နေပြီး ဟားမတ်စ်တွေရဲ့ မြေအောက်ဥမင်ကွန်ရက်တွေကို တိုက်ခိုက်မှုတွေ အောင်မြင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

ဟားမတ်စ်ခေါင်းဆောင် ယာချ်ယာဆင်ဝါ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ခန်းယွန်နစ်ဒေသမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးတွေ လုပ်ဆောင်လျှက်ရှိပါတယ်။

အစ္စရေးတပ်တွေရဲ့ ယာဉ်တွေနဲ့ လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်နေတဲ့အသံတွေကို ဟားမတ်စ်ခေါင်ဆောင် ကြားသိနေရပြီး မကြာခင်မှာ ရှာတွေ့နိုင်မှာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က ဆိုပါတယ်။

ဒီပြောဆိုချက်တွေဟာ အချည်းအနီး ခြိမ်းခြောက်မှုသာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အစ္စရေးစစ်တပ်ဟာ မီတာရာပေါင်းများစွာနဲ့ချီရှည်လျားပြီး ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးစခန်းတွေလည်း ပါဝင်တဲ့ ဂါဇာမြို့ရှိ အထင်ကရ မြေအောက်ဥမင်ကို ဖော်ထုတ်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:NHK

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW