ကိုလံဘို ၊ ဒီဇင်ဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
သီရိလင်္ကာနိုင်ငံမှာ မူးယစ်တိုက်ဖျက်ရေး တပတ်တာကာလ စစ်ဆင်ရေးအတွင်း အတွင်း လူပေါင်း ၁၅၀၀၀ နီးပါးကို ဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေးအတွက် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ ၄၄၀ ကီလိုဂရမ်နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မြို့တော်ကိုလံဘိုနဲ့ အခြားနေရာတွေမှာ ရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဟာ အနံခံခွေးတွေကို အသုံးပြုခဲ့ကြပါတယ်။
ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်စီးနှင်းမှုတွေဟာ တရာမဝင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကမူ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အတွက် ဝရမ်းထုတ်ရန် အမြဲတမ်းမလိုအပ်ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေရဲ့ မော်တော်ယာဉ်နဲ့ ပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ စီးနှင်းမှုအတွင်း ဆင်းရဲသားရပ်ကွက်တေနွကို ပစ်မှတ်ထားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
မူးယစ်ဆေးဝါးသမားတွေဟာ သီရိလင်္ကာကို မူးယစ်ကုန်ကူးရာ ဗဟိုချက်အဖြစ် အသုံးပြုနေပြီး ဘိန်းဖြူ၊ ဆေးခြောက်အပါအဝင် နိုင်ငံအနှံ့ဖြတ်သန်းသွားတဲ့ မူးယစ်ဆေးဝါးများကြောင့် ဆိုးရွားတဲ့ ပြသနာတွေ ဖြစ်ပေါ်နေခဲ့ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images