ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်းကို အင်ဒိုနီးရှားရေတပ်က ပင်လယ်ထဲ ပြန်မောင်းထုတ်

 

ဂျကာတာ၊ ဒီဇင်ဘာ-၂၀၂၃

မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာရှိတဲ့ ရေတပ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စင်လှေတစင်းကို ပင်လယ်ထဲပြန်မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒုက္ခသည်တွေတင်ဆောင်လာတဲ့ ဒုက္ခသည်လှေကို ဆူမားတြားကမ်လွန် Weh ကျွန်းအနီးရေပြင်မှာ တွေ့ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှာဒ ရေပိုင်နက်ပြင်ပရောက်တဲ့ထိ စစ်သင်္ဘောက စောင့်ကြည့်မောင်းထုတ်ခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ နူဂရာဟာဂုူမီလာက ပြောပါတယ်။

စက်လှေပေါ်မှာ ဒုက္ခသည်ဘယ်လောက်ပါတယ်ဆိုတာ အကဲဖြတ်မကြည့်ခဲ့ဘူးလို့ဆိုပါတယ်။ ဒုက္ခသည်စက်လှေကို မောင်းထုတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရတော့ မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အဆိုအရ နိုဝင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး ဒီလိုရောက်ရှိလာတဲ့အပေါ် ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တိုးပွားလာနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း အာချေးပြည်နယ်ရှိ ဒုက္ခသည်တွေခှိုလှုံနေတဲ့နေရာကို အင်ဒိုနီးရှားကျောင်းသားတွေ သွားရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ မွတ်ဆလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ပေမယ့် ဝင်ရောက်လာတဲ့ ဒုက္ခသည်အချို့ကို လက်ခံဖူးတဲ့ မှတ်တမ်းတွေရှိနေပါတယ်။

Ref:Reuters

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW