ဗြိတိန် MI6 ထောက်လှမ်းရေးတယောက်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီး

 

ပေကျင်း၊ ဇန်နဝါရီ-၉-၂၀၂၄

မျိုးဆက်(VOM)

ဗြိတိန်ရဲ့ နိုင်ငံခြားထောက်လှမ်းရေးဌာန MI6 သူလျှိုလို့ စွပ်စွဲခံရတဲ့တယောက်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သူဟာ နိုင်ငံခြားသားတယောက်ဖြစ်ပြီး တရုတ်နိုင်ငံမှာ သတင်းအချက်အလက်တွေ ရယူစုဆောင်းဖို့ ထောက်လှမ်းနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက(အမ်အက်စ်အက်စ်) က ပြောပါတယ်။

ဒီလိုဖမ်းဆီးမှုဟာ နိုင်ငံခြားသူလျှိုတွေကို နှိမ်နှင်းတဲ့ တရုတ်နိုင်ငံရဲ့ စစ်ဆင်ရေးတခုအတွင်းမှာ နောက်ဆုံးဖမ်းဆီးခဲ့တဲ့ ပြည်ပထောက်လှမ်းရေးတယောက်ဖြစ်ပြီး ဗြိတိန်အစိုးရကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

သူလျှိုလို့ စွပ်စွဲခံရသူဟာ ဟွမ်လို့ အမည်ရပြီး တတိယနိုင်ငံမှ လာရောက်သူဖြစ်ကာ ဖမ်းဆီးခံခဲ့ပေမယ့် ဘယ်နိုင်ငံသားလည်းဆိုတာကို တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ နိုင်ငံခြားသူလျှိုလုပ်မှုတွေနဲ့ပတ်သက်ပြီး သတိပြုမိစေဖို့ လူထုလှုပ်ရှားမှုတွေကိုလည်းလုပ်ဆောင်ခဲ့ပြီး မသင်္ကာဖွယ်ရာတွေတွေ့ရှိပါက သတင်းပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW